* ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး။"နိုင်ငံရေးဆိုတာ ဘာလဲတဲ့"
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က… အေး သားသား သဘောက်ပေါက်အောင် အတိုချုပ် ရှင်းပြမယ်၊
ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေက ဒီပိုက်ဆံ တွေကို စနစ်တကျ စီမံခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရ လို့ခေါ်နိုင်တယ်။
ဖေဖေတို့က သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်။
သားရဲ့ ညီလေးကိုကျတော့ အနာဂတ်လို့ခေါ်ရမယ်။
ရှင်းရဲ့လားသား။ ဒါဟာ နိုင်ငံရေးပဲ"
အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံ အချိန်တွင် မောင်ဖြူစင်လေးသည် ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ ညီလေးမှာ အနှီးထဲတွင် အညစ်အကြေးများ(ချီး) ပေကျံနေသည်ကိုတွေ့ရသည်။ အဲဒါနဲ့ သူဟာ သူ့အဖေနဲ့အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာမိခင်တစ်ယောက်တည်းအိပ်မောကျနေသည်ကို တွေ့လိုက် ရတယ်။ ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နှိုးသော်လည်း မနိုးသဖြင့် အိမ်ဖော်မလေးရဲ့အခန်းကို ၀င်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေး ဟာ ဒေါသထွက်ပြီးအိပ်ခန်းသို့ ပြန်သွားလေသည်။
နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ….
*ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ်"
" မောင်ဖြူစင်ရယ် ၊တော်လိုက်တဲ့ ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်သူငယ်ချင်း
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်သူငယ်ချင်း
စာသင်သား တွေကို ပြောပြလိုက်တာက…
*" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊
အစိုးရကတော့ အိပ်နေတာပဲ၊ ပြည်သူကို လုံးဝပစ်ထားတယ်၊
အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ*"
Source: မေ့မေ့သား http://www.oneshinwar.com
Posted in: M-Article
0 comments:
Post a Comment
သင့်ရဲ့ထင်မြင်ချက်လေး ကို အများသိရအောင် ပြောပြခဲ့ပါလား