ထင်မြင်ချက်ပေးခဲ့ပါ

The First Discourse.

Having realized the Four Noble Truths - the Noble Truth of Suffering; the Cause of Suffering; the Cessation of Suffering; and the Path leading to the Cessation of Suffering - by himself, the Buddha now decides to teach them to the five ascetics who had earlier served him at Uruvela, in Buddhagaya.com.

ဗုဒ္ဓ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား ၊ ဓမ္မ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား ၊ သံဃာ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား

ဗုဒ္ဓ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား ၊ ဓမ္မ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား ၊ သံဃာ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား

ဗုဒ္ဓ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား ၊ ဓမ္မ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား ၊ သံဃာ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား

ဗုဒ္ဓ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား ၊ ဓမ္မ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား ၊ သံဃာ၏ဂုဏ် အလုံးစုံ ယုံကြည်မြတ်နိုးလက်စုံမိုး ရိုးခိုးပါ၏ဘုရား

Monday, June 6, 2011

မွှေးသောပန်းတိုင်း လန်းစေချင်

မြန်မာနိုင်ငံရဲ့ ပကတိ အနေအထားဟာ စိတ်ပျက်စရာတွေ များစွာ ကြုံတွေ့ရတဲ့ ထဲက မြင်မကောင်းတဲ့ အရာလေး အတွက် လူငယ်လေးများကို အထူး အသိပေးလိုပါတယ် ။  အင်တာနက် သုံးစွဲတဲ့ လူတွေဆို သတိထားမိကြမှာ အသေအချာပါဘဲ ။  အခုလို စာကို ရေးသားတဲ့ ရည်ရွယ်ချက်က မိန်းကလေးများရဲ့ ဘ၀လေးများ ကို အချိန်မကြဘဲ ကြွေကြကုန်မှာ စိုးလို့ စေတနာနဲ့ ရေးသားတာကို  တစ်မျိုးမထင်စေချင်လို့ ကြိုတင်ပြီး တောင်းပန်ထားလိုက်ပါ့မယ် ။  

ဒီနေ့ခေတ် မိန်းကလေးတွေ အနေနဲ့ ခေတ်မှီတယ် ဆိုတဲ့ စကားကို  နားလည်မှုတွေ အရမ်းလွဲမှားနေကြတယ် ။  ကိုရီးယားဇာတ်ကားများမှ သရုပ်ဆောင်များရဲ့ အတုကို ပုံတူကူးချ ၊ အနောက်တိုင်း ယဉ်ကျေးမှုတွေရဲ့ လွှမ်းမိုးမှုကို ခံနေကြတဲ့  မိန်းကလေးတွေဟာ အရက်ဆိုင်ထိုင်ရတာ မရှက်တတ်ကြတော့ဘူး ။ သူ့ထက် ပိုဆိုးတာက အရက်ခွက်လေး ကိုင်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဓါတ်ပုံလေးတောင် အရိုက်ခံလိုက်ကြသေးတယ် ။  တန်ဖိုးကြီးသည့် အရက်ဖြစ်စေ ၊ တန်ဖိုးနည်းသည့် အရက်ဖြစ်စေ သောက်သုံးသူမှန်သမျှရဲ့ စိတ်ကို ရီဝေမူးယစ်စေတာတော့ အမှန်ပါဘဲ ။ 

လူဆိုသည့် သတ္တ၀ါသည် အထူးအဆန်းဆိုလျှင် လက်တည့်စမ်းချင်ကြသည်မှာ သဘာဝတည်း ။ သို့သော်လည်း   မကြုံဖူးတဲ့ အတွေ့အကြုံတစ်ခု အတွက် ဘ၀ပါ ပေးဆပ်လိုက်ရနိုင်တယ် ဆိုတာ  သေချာစဉ်းစားစေချင်တယ် ။  နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ ဘေးထွက်ဆိုးကျိုး တွေကလည်း ကြောက်စရာ ကောင်းလောက်အောင်ကို ပိုမို များပြားလာတယ် ။   အနံ့ ပြင်းလွန်းတဲ့ ဆေးများနဲ့ အရမ်းခါးသက်တဲ့ ဆေးဝါးများကို သောက်သုံးရမှာ ကြောက်တဲ့ လူများ အတွက် အနံ့ အရသာမဲ့သွားအောင် လုပ်တဲ့ နည်းပညာကို မဟုတ်တဲ့နေရာမှာအသုံးချလိုက်တဲ့အခါ လူသားများ အတွက် အရမ်းကို ဆိုးကျိုး သက်ရောက်စေခဲ့ပါတယ် ။  ဒီနေ့ခေတ်ကမ္ဘာမှာ စိတ်ကို ပြောင်းလဲစေ တတ်တဲ့ မူးယစ်ဆေးဝါး အန္တရာယ်က သိပ်ကို ကြောက်စရာ ကောင်းနေလို့ အသိပေးတဲ့ စေတနာ စကားကို သေချာစွာ စဉ်းစားစေလိုပါတယ် ။  အနံ့နဲ့အရသာမဲ့တဲ့ အဲဒီလို ဆေးဝါးတွေရဲ့ အစွမ်းအစက မိန်းကလေးငယ်လေးများရဲ့ ဘ၀ကို အလွယ်တကူ ပျက်စီးစေနိုင်တယ် ဆိုတာ လေးနက်စွာယုံကြည်ထားပါ ။  ယုတ်မာကောက်ကျစ်တဲ့ စိတ်ထားနဲ့လုပ်ဆောင်နေကြမယ့်လူတွေရဲ့ နှလုံးသားမှာ  ကရုဏာ တရားဆိုတာ ခမ်းခြောက်နေတတ်ကြလို့ အထူး သတိထားကာ ဆင်ခြင်နိုင်မှ တော်ကာကြပေမယ်…။ မိန်းမသားတို့  သဘာဝကိုက နုနယ်တဲ့ ပန်းကလေးတွေလိုပါဘဲ သိပ်ပြီး အထိအခိုက် အပွန်းအပဲ့ကို မခံနိုင်ကြလို့ သတိထားကာ စောင့်ရှောက်စေချင်တယ် ။ 

နောက်တစ်ချက် အသိပေးလိုတာက  ကျနော်တို့  နိုင်ငံဟာ ဗုဒ္ဓရဲ့ အယူဝါဒကို လိုက်နာကျင့်သုံးတဲ့ ဗုဒ္ဓဘာသာဝင်များ မှီတင်းနေထိုင်ရာ နိုင်ငံတခုပါ ။ ဥပမာ ဆိုကြပါတော့ ချင်းပြည်နယ်က ပန်းသီးပင်ကို ရန်ုကုန်မှာ စိုက်လို့ ရှင်သန်ပါ့မလား…။ အကယ်၍ အရမ်းဂရုစိုက်လို့ ရှင်သန်ပါစေဦး ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မလည်း ။ ဘာဖြစ်လို့လည်း ဆိုတော့ ရေမြေတောတောင် သဘာဝက အလွန်ကွာခြားလို့  ရှင်သန်ကြီးထွားဖို့ လုံးဝ မဖြစ်နိုင်ပါဘူး ။ ဒီလိုပါဘဲ အနောက်တိုင်းက  အတွေးအခေါ်နဲ့ လူနေမှု အကျင့်စရိုက်များ  အားလုံးကို ပုံတူကူးချပြီး မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့  ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။  ကိုယ်တိုင်က လိုလားလို့ လက်ခံခဲ့ရင်တောင် ကိုယ့်ပတ်ဝန်းကျင် က  ကျင့်သုံးနေတဲ့ ယဉ်ကျေးမှုနဲ့ ခြားနားနေလို့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရနိုင်ဖို့ မလွယ်လှပါဘူး ။  

နည်းပညာတွေတိုးတက်လို့ ယဉ်ကျေးမှုတွေ ထိစပ်လာတယ် ။  အခုလက်ရှိ အနေအထားမှာ အထက်တန်းလွှာ အသိုင်းအ၀ိုင်းလို့ အမည်ခံနေကြသူများရဲ့ အတွေးအခေါ် နဲ့ လုပ်ဆောင်ချက် တော်တော်များများက  အနောက်တိုင်း ယဉ်ကျေးမှုကို ပုံတူကူးချဖို့ ကြိုးစားနေကြရင်းက မရှင်းနိုင်တဲ့ လူမှုရေး ပြဿနာပေါင်း များစွာကို ယုတ်မာတဲ့ အကြံဥာဏ်နဲ့  နည်းပညာ အသုံးချကာ ဖော်ထုတ်မှုကြောင့် အင်တာနက် သုံးစွဲသူတွေ ကြားမှာ ထင်ရှားစွာ ပေါ်ပေါက်လာနေတာကို သိမြင်နေရလို့  အသိပေးတဲ့ အနေနဲ့ တင်ပြတာပါ ။   နိုက်ကလပ် တက်မှ ခေတ်မှီတယ်လို့ ယူဆနေကြတဲ့ အတွေးများ ၊  မူးယစ်ဆေးဝါးများ သုံးစွဲကာ စိတ်ရဲ့ ထွက်ပေါက် အဖြစ်  အဲဒီလို နေရာမျိုးမှာ ဖြေဖျောက်လိုက်ရင် စိတ်ညစ်စရာတွေ ပျောက်ကွယ် ကုန်နိုင်စေတဲ့ ဆိုတဲ့ အယူအဆကို  ရဲရဲကြီးသာ လွှင့်ပစ်လိုက်စေချင်ပါတယ် ။ 

အနောက်တိုင်းက  လူအများမှာ  အားကျ အတုယူစရာတွေ များစွာ ရှိသလို မြန်မာပြည်မှာ လက်ခံကျင့်သုံးရင်  အကျိုးများစေနိုင်မယ့် အရာတွေ များစွာရှိနေပါလျှက် နှင့် ထိုသို့သော အတွေးအခေါ် အယူအဆလေးတွေကိုဘဲ ပုံတူကူးချတဲ့ လူတွေရဲ့ လုပ်ရပ်များကို ကြည့်ရတာ ၀မ်းနည်းလို့ကို မဆုံးနိုင်ပါဘူးဗျာ…။     အနောက်တိုင်း ယဉ်ကျေးမှုကို အချို့က  ကိုယ်တိုင်လည်း ပုံတူ ကူးချသလို အချို့ကလည်း သူတစ်ပါးကို လိုက်နာ ကျင့်သုံးအောင် ဆွဲဆောင်လေ့ ရှိကြတယ်….။  

အဲဒီထက် ယုတ်မာတဲ့ လူအများက အထက်တန်းလွှာလို့  သူတို့ကိုယ် သူတို့ အမည်ခံထားပြီး  နာမည်ကြီး ဟိုတယ်တွေက ဖွင့်ထားတဲ့ Day Club တို့ Night Club တွေမှာ  ပျော်ရွှင်မှုကို အယောင်ပြပြီး ပန်းပွင့်လေးတွေကို ခြေမွဖျက်စီးခဲ့ကြတဲ့ အကျိုးဆက်ကို လက်ရှိ မြန်မာနိုင်ငံမှာ ခံစားနေကြရပြီ ။    မြန်မာနိုင်ငံ နေရာ တော်တော်များများမှာ မူုးယစ်ဆေးဝါးဆိုတာ အုပ်ချုပ်သူ အစိုးရရဲ့ ယန္တရားအောက်မှာဘဲ တရားဝင် ရောင်းဝယ် ဖောက်ကားလို့ ရှင်သန်ကြီးထွားနေတာပါ ။ ရန်ကုန်မြို့မှာဖွင့်ထားတဲ့ ကလပ်တိုင်းမှာ မူးယစ်ဆေးဝါးကို အလွယ်တကူ ၀ယ်ယူလို့ ရပါတယ် ။  မြူးကြွတဲ့တေးသွားနဲ့ အမှီလိုက်က နိုင်ဖို့ အလေ့အကျင့် မရှိသူများက ဆေးဝါးကို မှီဝဲသုံးစွဲရတယ် ။ သူ့တစ်မျိုးထဲ ဆို အကျိုးဆက်က မသိသာပေမယ့် အရက် ၊ ဘီယာ တမျိုးမျိုးနဲ့ တွဲဆက်လိုက်တဲ့ အခါ   နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရလို့ တတ်နိုင်သမျှ ရှောင်ရှားစေလိုပါတယ် ။    အဲဒီလို ဆေးဝါးများ သုံးစွဲခြင်းရဲ့ အကျိုးဆက်ကြောင့်  ပုံမှန်အသိဥာဏ် ပျောက်ဆုံးကာ မူးယစ်နေတဲ့ လူသားတစ်ယောက်က   အရှက်မရှိ လုပ်ရပ် တခုကို  အလွယ်လေး ကျုးလွန်လိုက်ကြပေမယ့် အသိဥာဏ် ပြန်ဝင်လာမှ ငါတော့ မှားပါပြီ ဆိုပြီး နောင်တရကာ ဒေါသများနဲ့ မျက်ရည်ကျနေလည်း  ကိုယ့်ကိုကိုယ် နှိပ်စက် သလို ဘဲ ဖြစ်နေမှာပါ ။ ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မခံစားရလေအောင် အဲဒီလို နေရာမျိုးကို ရှောင်ရှားစေလိုပါတယ် ။   ကိုယ်ချင်းစာ တရား ပျောက်ဆုံးနေတဲ့ လူတချို့က ကိုယ်တိုင် ဖျက်စီးရတာ ကို အားမရဘဲ သူတစ်ပါးကိုပါ ပြန်လည်ဝေဌမှုကြောင့် မိန်းကလေးပေါင်းမြောက်များစွာဟာ ဘ၀ရဲ့ အလင်းရောင်တွေ ပျောက်ဆုံးခဲ့ရတာပါ ။  ရုပ်အလှကို တန်ဖိုးထားကာ ဥစ္စာဓနကို  ဘုရားသဖွယ်ကိုးကွယ်နေကြတဲ့ လူအများက ကိုယ်ကျင့်တရား အကြောင်းပြောကြရင် ထပြီးရယ်ကြလိမ့်မယ်…..။ နောက်ဆုံးမှာ အဲဒီလို ရယ်သွမ်းခဲ့ခြင်းရဲ့ အကျိုးဆက်ကြောင့် မျက်ရည်တွေ ကျဆင်းကာ ငိုပွဲဆင်နေကြရတာ မမြင်ချင် အဆုံး ပါဘဲ ။   နောက်ဆုံးရလဒ်ကတော့ တိုင်းပြည်ရဲ့အညွန့်အဖူးလေးတွေ အချိန်မတန်ဘဲ ကြွေကျမြေခဲ့ရတယ်….။  တိုင်းပြည်ရဲ့ ခွန်အား ဖြစ်တဲ့ လူငယ်မျိုးဆက်သစ်တွေဟာ ဒီလိုသာ ဘ၀ပျက်သွားခဲ့ကြရင်သူတို့ဆီက လုပ်အားရမယ့် အစား သူတို့ကိုယ် ပြန်လည် စောင့်ရှောက်ရလို့ မိအေး နှစ်ခါနာ ဆိုသလို  တိုင်းပြည်လည်း အမှန်တကယ် တိုးတက်ဖို့ သိပ်ကို ခက်ခဲသွားပါလိမ့်မယ်။  

နဂိုကမှ ယိုင်နဲ့စွာ ရပ်တည်နေရတဲ့ ကျနော်တို့ တိုင်းပြည်မှာ  လူငယ်မျိုးဆက်သစ်များရဲ့ ခွန်အားကို   အားကိုးနေရချိန်ဖြစ်လို့  အခုလို ဖြစ်ရပ်များကြောင့် ပိုမိုဆိုးဝါးလှတဲ့ အနာဂတ်ကို  ရင်ဆိုင်ရပါလိမ့်မယ် ။     မဟုတ်တာ မှန်သမျှ အကုန်အားပေးထားတဲ့ အစိုးရဟာ  အဲဒီလို နေရာမျိုးကို ရဲအစောင့်အရှောက်နဲ့ လုံခြုံရေးပေး ထားခဲ့တာ လူတော်တော်များများ သိကြမှာပါ ။ ဟိုအရင် အချိန်က  မကောင်းတဲ့ အလုပ်မှန်သမျှကို လက်ရှိအစိုးရ တာဝန် ရှိပုဂ္ဂိုလ်များက တရားဝင် နောက်ကွယ်က ကြိုးကိုင်ခဲ့ကြသလို အခုထိလည်း ဆက်လက် လုပ်ဆောင် နေကြဆဲ ဖြစ်လို့ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက်ကြရုံမှတပါး အခြား မရှိပါဘူး ဆိုတာ သတိထားပြီး မကောင်းတဲ့ အလုပ်များကို  ကိုယ်ပိုင် အသိစိတ်လေးနဲ့ ရှောင်ရှားစေလိုပါတယ် ။     

လောကမှာ လူတွေစုဝေးကြတဲ့ နေရာ နှစ်မျိုးဘဲ ရှိပါတယ်..။ ကောင်းသောစုဝေးခြင်းနဲ့ မကောင်းသော စုဝေးခြင်းပါဘဲ….။ စိတ်နေစိတ်ထား ကောင်းမွန်ကာ ကိုယ်ကျင့်တရားကို မြင့်တင်လိုတဲ့ ဆန္ဒနဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ခံယူလိုကြသူ အများစုက   တရားပွဲကို သွားကြသလို …..  ဆန္ဒရမ္မက်ကို  လွယ်ကူစွာ ဖြေရှင်းလိုသော စိတ်ထားဖြင့် မူးယစ်ခြင်း ရသတဏှာကို တပ်မက် သူများက နိုက်ကလပ်ကို သွားတတ်ကြပါတယ် ။      လက်ရှိ အနေအထားမှာတော့ စည်ကားသင့်တဲ့နေရာတွေ မစည်ကားဘဲ မစည်ကားသင့်တဲ့ နေရာတွေ စည်ကားနေတာ အမှန်ပါဘဲ ။ အဲဒီလို ဖြစ်လာအောင်လည်း လူတစ်စုက သူတို့ အတ္တများအတွက် တမင်တကာ စီမံဖန်တီးပြီး လုပ်ဆောင်နေကြတယ် ဆိုတာ သိသာထင်ရှားလွန်းလှလို့  ကိုယ်တိုင်က ဆင်ခြင်ကာ သူတို့ သွင်းထားတဲ့ ပုံစံခွက်လေးထဲ အလိုက်သင့် မ၀င်မိကြဖို့ သိပ်ကို အရေးကြီးပါတယ် ။  

ပျော်ရွှင်မှု အစစ်အမှန် ဆိုတာ နှလုံးသားကို ခွန်အားဖြစ်စေသလို ပြန်စဉ်းစားလိုက်တိုင်းမှာ ပီတိ အပြုံးများနဲ့ ကျေနပ်စွာ ခံစားရပေမယ့်  အပြစ်မကင်းတဲ့ ပျော်ရွှင်မှုများကြတော့ ခံစားနေရချိန် ခဏတာမှာ  ပျော်ရွှင်သလို စိတ်မှာ ကြည်နူးသွားပေမယ့် ပြန်စဉ်းစားလိုက်တိုင်း နောင်တများနဲ့ ရင်ဆိုင်နေရလို့ အမြဲလိုလို ပူဆွေးသောက ရောက်တတ်ကြပါတယ် ။     အညှီရှိရင် ယင်အုံပါလိမ့်မယ်……………။ ပန်းရှိရင် ပျားအုံတာ သဘာဝ ပါဘဲ……..။ မိန်းကလေးများ အနေနဲ့  ကိုယ်ကျင့်သိက္ခာဆိုတဲ့ အလှဆုံးပန်းလေးကို  မညိုးနွမ်းအောင်  သတိကပ်ပြီး စောင့်ရှောက်နိုင်မယ် ဆိုရင် ယင်ကောင် လာစရာ အကြောင်း မရှိပါဘူး ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ်ကျင့်တရား ဖောက်ပြန်ကာ  နေချင်သလို နေခဲ့ကြရင်တော့ ယင်ကောင်အုံတာဘဲ ခံရမှာပါ ။ အဲဒီ အခါကျမှ ငါ့အနားကို ယင်ကောင်တွေဘဲ လာလို့ လောကကြီးကို နာကြည်းစိတ်နဲ့ အရွှဲ့တိုက်ရင် လောကကြီးက အညှီရှိလို့ ယင်အုံတာ သဘာဝပါလို့ ပြုံးပြုံးလေးနဲ့ တစ်ခွန်တည်းသာ အဖြေပေးလိုက်ပါလိမ့်မယ် … ။    

ဘယ်လောက်ပဲ လှပတဲ့ အဆင်းရဲ့ ရနံ့သင်းတဲ့ ပန်းတပွင့် ဖြစ်ပါစေ.......နွမ်းခြောက်သွားရင်တော့ လန်းဆန်းနေတဲ့ ပန်းတပွင့်ထက် တန်ဖိုးနည်းသွားမှာ အမှန်ပါဘဲ ။ မွှေးသော ပန်းတိုင်း လန်းစေချင်လို့ စေတနာ အရင်းခံနဲ့ မိတ်ဆွေများကို  လေးစားစွာ အသိပေးပြောကြားရင်းက နောင်လာမည့် အနာဂတ်မှာ ကျနော်တို့ တိုင်းပြည်မှာ အပြစ်ကင်းတဲ့ ပျော်ရွှင်မှုများကို ခုံမင်နှစ်သက်ကာ တန်ဖိုးထားသူတွေ များလာပါစေလို့ မျှော်မှန်းလျှက်.......။        

ခင်မင်လေးစားလျှက် ဗမာ့သွေး
Source: Burma Thwe



Sunday, May 8, 2011

စာပေချစ်သူ


ဒီရက်ပိုင်းမှာ စိတ်ကြည်နူးဖွယ် သတင်းတစ်ပုဒ်ကြည့်လိုက်ရသည်။ ထိုင်ဝမ်နိင်ငံက သတင်းဆိုသော်လည်း စာပေချစ်သူတိုင်း ခံစားလို့ရနိင်မည်ဟု ထင်မြင်မိသည်။ အဓိကကတော့ ဆိုင်ရှင် ပြောပြသည့် စကားလေးတစ်ခွန်းကို သဘောကျလွန်းတာကြောင့် ဒီပို့စ်လေးရေးဖြစ်ပါသည်။

စာအုပ်ဆိုင်လေးတစ်ဆိုင် ရှိပါသည်။ ဆိုင်၏တည်နေရာက လူစည်ကားရာ၊ တက္ကသိုလ်တွေ၏ အနီးအနားက လမ်းသွယ်လေးထဲမှာ ဖြစ်သည်။ ထိုဆိုင်က စာအုပ်အသစ်တွေ ရောင်းခြင်းမဟုတ်။ စာအုပ်အဟောင်းများကိုသာ ပြန်ရောင်းခြင်းဖြစ်သည်။ အသုံးပြုပြီးစာအုပ်များဖြစ်လို့ ဈေးနှုန်းလည်း သက်သာသည်။ စာအုပ်အဟောင်းရောင်းသည့် ဆိုင်များမှာ နိင်ငံတကာတွင် ရှိပါသည်။ ထို့ကြောင့် ယခုဖော်ပြချင်သည့် ဆိုင်ကလေးအကြောင်းက ထူးဆန်းသည်ဟု မဆိုသာ။ သို့သော် ဆိုင်ရှင်၏ စိတ်ကူးစိတ်သန်း နှင့် ယုံကြည်ချက်ကတော့ ထူးခြားလှပါသည်။


ဆိုင်ဖွင့်ထားသော်လည်း ဆိုင်ရှင်မရှိသည့် ဆိုင်ဖြစ်သည်။ ဆိုင်ထဲတွင် စာအုပ်စင်ပေါင်းများစွာ ၊ စာအုပ်ပေါင်း ထောင်ချီကာ ရှိနေသည်။ သို့သော် ဆိုင်ရှင်က မရှိပါ။ ဆိုင်ရှင်အစား ဆိုင်အဝင်ဝတွင် ဆိုင်းဘုတ်လေး တစ်ခု ထောင်ထားသည်။ ဆိုင်းဘုတ်တွင် ရေးထားသည်က

“ဆိုင်ရှင် ဆိုင်တွင်မရှိပါ။
ကျသင့်ငွေကို မိမိဘာသာ တွက်ချက်ပြီး ရှင်းပါ။
ဒီဆိုင်လေးကို ကိုယ့်အိမ်လို သဘောထားပြီး မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် စားသောက် စကားပြောနိုင်ပါတယ်။ သူငယ်ချင်း အချင်းချင်း ချိန်ဆိုရာမှာလည်း ဒီဆိုင်လေးမှာ ချိန်းဆိုနိုင်ပါတယ်။ တစ်ယောက်တည်းပျင်းတဲ့အခါမှာလည်း ဒီဆိုင်လေးမှာ လာရောက် စာအုပ်ဖတ်ရင်း အပျင်းဖြေနိုင်ပါတယ်။ အထူးသတိပြုရမှာတော့ စာအုပ်ဝယ်ပြီး ဆိုင်ထဲက ထွက်သွားမယ်ဆိုရင် ပိုက်ဆံရှင်းဖို့ မမေ့ပါနဲ့။ ဒါဟာ ဒီဆိုင်လေးကို ကူညီပေးတဲ့ အဓိက အချက်ပါ။”

ထိုဆိုင်းဘုတ်လေး နံဘေးတွင် အိုးတစ်လုံးချထားပေးသည်။ ထိုအိုးထဲတွင် ပိုက်ဆံများရှိနေသည်။ စာအုပ်ရောင်းရသည့် ငွေများဖြစ်သည်။ ထိုအိုးလေး ဘေးမှာတော့ စာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်း ထားပေးသည်။ စာအုပ်ဝယ်သူတွေက သူတို့ ဘယ်စာအုပ်ဝယ်သွားပါတယ်။ ကျသင့်ငွေ ဘယ်လောက်ထားခဲ့ပါတယ် ဆိုပြီး ထိုစာအုပ်လေးထဲတွင် ရေးထားခဲ့ကြသည်။ ဆိုင်ရှင်မရှိသည့်ဆိုင်ထဲက ငွေသိမ်းသည့် အိုးလေးထဲတွင် စာအုပ်ရောင်းရငွေများ ရှိနေသည်မှာ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်တာ သေချာသည်။ ဆိုင်ရှင်မရှိသလို လုံခြုံရေး ကင်မရာများ တပ်ထားခြင်းပင် မရှိ။ အံ့သြဖွယ်ရာပင်။


ထို့ပြင် ဆိုင်ရှင်အတွက် စာအုပ်ဝယ်သူများမှ စာလေးတွေရေးခဲ့ကာ ဆိုင်နံရံတွင် ကပ်ထားခဲ့သည်။ စာလေးတွေက အကြောင်းအရာ စုံလင်သည်။ လိုချင်သည့် စာအုပ်နာမည်တွေ ရေးထားခဲ့ကြသည်။ အများဆုံး ရေးထားခဲ့ကြသည်က ဆိုင်ရှင်၏ စိတ်ကူးစိတ်သန်းကို လေးစားကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ကိုယ့်အိမ်မှာလို စောင့်ကြည့်သူမရှိဘဲ ရွေးချယ် ဖတ်ရှု ဝယ်ယူရလို့ စိတ်ချမ်းသာကြောင်း စသည်ဖြင့် ဆိုင်ရှင်ကို ချီးကျူးထားသည့် စာရွက်ပေါင်းများစွာက ဆိုင်နံရံတွင် အများအပြား ရှိနေသည်။


တစ်ရက်တွင်တော့ ထိုဆိုင်ထဲသို့ ထိုင်ဝမ်နိင်ငံသားဘလော့ဂ်ရေးသူ တစ်ဦး ဝင်လာသည်။ သပ်ရပ်စွာ စီထားသော စာအုပ်များ၊ ဆိုင်အဝင်ဝ ဆိုင်းဘုတ်နှင့် ငွေထည့်သည့် အိုးလေးကို မြင်သွားသောအခါ ပါလာသည့် ဗီဒီယိုကင်မရာဖြင့် ဆိုင်အနှံ့လျှောက်ရိုက်ကာ မှတ်တမ်းတင်သည်။ ထို့နောက် သူ့ဘလော့ဂ်တွင်ထိုဗီဒီယိုဖိုင်ကို ညအိပ်ခါနီး တင်ပြီး အိပ်လိုက်သည်။ မနက်မိုးလင်းတော့ သူ့ဘလော့ဂ်ကို ဖွင့်ကြည့်လိုက်သည့်အခါ ထိုဗီဒီယိုဖိုင်ကို တစ်ညအတွင်းတွင် လူပေါင်း သုံးသောင်းကျော် ကြည့်ထားသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

ထိုဖိုင်ကို စာဖတ်သူများက အချင်းချင်း မျှဝေကြသည်။ ဗီဒီယိုဖိုင်ကို ပြန်ကူးကာ မိမိတို့ဘလော့ဂ်များတွင် တင်ပေးကြသည်။ ထိုသို့ လူသိများသွားသည်ကို စာအုပ်ဆိုင်ရှင်က မသိသေး။ နောက်တစ်ရက် မနက်ခင်း ဆိုင်လာဖွင့်သည့်အခါ သူ့ဆိုင်ရှေ့တွင် လူအများအပြား စောင့်ဆိုင်းနေသည်ကို တွေ့ရတော့ အံ့သြသွားမိသည်။ ထူးဆန်းသည်ဟု ထင်ရုံမှလွဲ၍ မည်သည့်အတွက်ကြောင့် လူတွေများနေသည်ကို သူ မသိခဲ့ပါ။ ထိုနေ့ နေ့လည်ခင်းတွင်တော့ သတင်းဌာနများမှ ဆိုင်ရှင်ကို ဆက်သွယ်ကာ အင်တာဗျူးကြသည်။ ထိုင်ဝမ်ရုပ်သံမှ သတင်းလိုင်းတိုင်းတွင် သူ့ဆိုင်အကြောင်း ပါလာခဲ့သည်။ သူ့ကို အင်တာဗျူးသည့်အခါ ထိုစာအုပ်ဆိုင်လေး ဖြစ်ပေါ်လာပုံကို ပြောပြသည်။

ထိုဆိုင်လေးဖွင့်ဖို့က သူ၏ အိမ်မက်မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့သည်။ ထိုအိမ်မက်ကို အကောင်အထည်ဖော်ဖို့ ဘဏ်မှ ငွေသုံးသိန်းချေးငှားခဲ့သည်။ လစဉ်အကြွေး ပြန်ဆပ်နေသည်မှာ ဆိုင်သက်တမ်းနှင့်အတူ တစ်နှစ်ကျော်ကြာနေခဲ့လေပြီ။ မြို့လယ်ဆိုတော့ ဆိုင်ငှားခက ဈေးကြီးလှသည်။ ဆိုင်အကူလည်း မငှားနိင်ခဲ့။ ဆိုင်အတွင်းပိုင်း စာအုပ်စင်တွေကအစ သူကိုယ်တိုင် ရိုက်သည်။ ပစ္စည်းဟောင်းများဝယ်ပြီး ဆိုင်ကို ပြင်ဆင်သည်။ ထို့နောက် စာအုပ်ဟောင်းများ လိုက်စုကာ သူ့ဆိုင်တွင် တင်သည်။ ဆိုင်ဖွင့်ပြီး နောက်ပိုင်း ပို၍ အလုပ်များခဲ့သည်။ ဆိုင်အတွက် လိုအပ်သည့် စာအုပ်များ ထွက်ဝယ်ရတာကြောင့် ဆိုင်ကို လူမရှိဘဲ ဘေးဆိုင်တွေကိုသာ အပ်ထားခဲ့ရသည်။

ကြာလာတော့ ထိုသို့အပ်ထားခဲ့ရသည်ကို အားနာလာသည်။ ထိုအခါ အထက်ပါ ဆိုင်းဘုတ်လေး ရေးပြီး အိုးတစ်လုံးထားကာ သူထွက်သွားလေ့ရှိသည်တဲ့။ ထိုအင်တာဗျူးကို နားထောင်ရင်း ကျွန်တော် သိချင်လာတာ ရှိသည်။ လုံခြုံရေးကင်မရာလည်း တပ်မထားတော့ စာအုပ်တွေ မပျောက်ဘူးလား၊ ရောင်းရသည့် စာအုပ်နှင့် စာအုပ်ဖိုးငွေတွေ ကိုက်မှ ကိုက်ရဲ့လား။ ကျွန်တော် သိချင်လာသည်။ တော်သေးသည်။ အင်တာဗျူးမေးသူ ကိုယ်တိုင်ကလည်း ထိုမေးခွန်းများကို သိချင်ဟန်တူသည်။ စာအုပ်တွေ မပျောက်ဘူးလား၊ ငွေစာရင်းရော ကိုက်ရဲ့လား.. ဟု မေးလိုက်သည်။

“ ကျနော်က မနက်ဆို ဆိုင်လာဖွင့်ပြီး ညရောက်တော့ ဆိုင်ပိတ်ရင်းနဲ့ စာအုပ်စာရင်းတွေ စစ်လေ့ရှိပါတယ်။ ဒါပေမယ့် လျော့သွားတဲ့စာအုပ်နဲ့ စာအုပ်ဖိုးငွေတွေက အမြဲလိုလို ကိုက်တာပါပဲ။ တခါတလေ တစ်ရာ နှစ်ရာ လိုတာမျိုးရှိပါတယ်။ စာအုပ်ဝယ်သူတွေ ရေးခဲ့တဲ့ စာအုပ်ထဲမှာ ငွေ တစ်ရာ လိုလို့ ချန်ခဲ့တယ် နောက်တစ်ခေါက်မှ ပေါင်းပေးမယ်လို့ ရေးထားခဲ့ကြပါတယ်။ တစ်ခါတစ်လေတော့လည်း ငွေက ပိုနေလေ့ရှိပါတယ်။ စာအုပ်ဝယ်သူတွေ ပိုငွေ ပြန်မယူဘဲ ထားခဲ့တာနဲ့ တူပါတယ်။”

ထိုနေရာရောက်တော့ နားထောင်နေရင်း ကျွန်တော် ပီတိဖြစ်သွားရသည်။ ဆိုင်ရှင်၏ အသက်က ၂၇ နှစ်တဲ့။
သူ့အသက်အရွယ်နှင့် စာပေချစ်စိတ်က လေးစားလောက်သည်။ စာပေသမားတွေအပေါ် ထားသည့် စေတနာက မြင်သာသည်။  အသက်ကြီးသော်လည်း လူ့ကျင့်ဝတ်နားမလည်၊ စာပေအကြောင်း တတ်ယောင်ကားများနှင့် ယှဉ်လိုက်လျင် လေးစားဖွယ်ရာဖြစ်နေသည်။ ထို့နောက် အင်တာဗျူးသူက ထပ်မေးသည်။ မေးခွန်းလေးက သိပ်ကောင်းသည်။

“အခုလိုမျိုး ဆိုင်မှာ စောင့်ကြည့်သူ မထားဘဲ စာအုပ်ဆိုင် ဖွင့်ထားရဲတဲ့ ခင်ဗျားရဲ့ယုံကြည်မှုက ဘာလဲ”

ဆိုင်ရှင်က ပြန်ဖြေပါသည်။ ထိုအဖြေကို ကျွန်တော် သိပ်သဘောကျပါသည်။ ထပ်ခါထပ်ခါ ကြားယောင်မိနေတာကြောင့် သည်သတင်းလေးကို အဆင်ပြေဆီလျော်အောင် ပြန်ရေးဖြစ်ခြင်း ဖြစ်ပါသည်။ သူ့အဖြေက

“စာအုပ်တွေ သူခိုးခိုးမှာ မကြောက်ပါဘူး။ စာပေကို ချစ်မြတ်နိုးသူတိုင်းက စိတ်ဓါတ်အဆင့်အတန်း မြင့်မားကြပါတယ်။ ဆိုးသွမ်းတဲ့သူ မဖြစ်နိင်ဘူးဆိုတာ ကျနော် ယုံကြည်လို့ပါပဲ” တဲ့။

သူ့ယုံကြည်ချက်မှာ ချွင်းချက်ရှိနိင်သော်လည်း ထိုချွင်းချက်မှာ အနည်းငယ်သော စုန်းပြူးလူတန်းစားများ အတွက်သာ ဖြစ်ပါလိမ့်မည်။ သူထင်သလိုမဟုတ်ဘဲ သူခိုးသူဝှက်တွေနှင့် ကြုံခဲ့လျင် သူဆုံးရှုံးရမည့် အရာမှာ ငွေကြေးတစ်ခုထဲသာ မဟုတ်။ သူ့ယုံကြည်ချက်တွေပါ ခိုးယူခံလိုက်ရသလို ဖြစ်မည်။  သို့သော် စာပေချစ်သူတွေက သူထင်သလို မလိမ်မကောက်ကြကြောင်းကို သူယုံကြည်ခွင့်ရလိုက်တာကို ကျွန်တော် ကြားကနေ ဝမ်းသာနေမိသည်။ လူမျိုးမတူ၊ ဘာသာစကားမတူသော်လည်း ထိုဆိုင်ရှင်၏ စာပေသမားတွေအပေါ် ထားသည့်ချစ်ခင်စိတ်ကို လေးစားမိပါသည်။ ယခုတော့ သူ့စေတနာ အကျိုးပြန်ပေးပြီထင်သည်။ ရုပ်သံသတင်းဌာနများက သူ့ဆိုင်လေးအကြောင်း ထုတ်လွှင့်ပေးနေတာကြောင့် သူ့ဆိုင်ရှေ့လျှောက် ပို၍အောင်မြင်ဖို့ပဲ ရှိတော့သည်။
စေတနာမှန်လျင် ကံအကျိုးပေးကောင်းမည်ဟု ကျွန်တော်ကတော့ လေးလေးနက်နက် ယုံကြည်ပါသည်။ 


Source: မြစ်ကျိုးအင်း 

Sunday, April 24, 2011

မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင်


မိတ်ဆွေတို့ ကြားဖူးပြီးသား ဖြစ်ကြမှာပါ။ တစ်ခါက အလွန့်အလွန် နာမည်ကြီးတဲ့ ကျမ်းပြု ဆရာတော် တစ်ပါးက တရားဟောရင်း စကားတစ်ခွန်း  ထည့်ပြော သွားပါတယ်။ “မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အာဖရိကနိုင်ငံတွေနဲ့ သူမသာ ကိုယ်မသာဖြစ်မှာပဲ” ဆိုတဲ့ စကားလေ။

ဒါကိုတော့ ခင်ဗျားတို့ သေချာပေါက်ကြားဖူးတယ်။ ရဲလေးနဲ့ ကြက်ဖတို့ဆိုထားတဲ့သီချင်းကို တရားလုပ် ဆိုထားတာ။ စ ကြားစတုန်းကတည်းက  ကျွန်တော် ဒီပိုစ့်ကို ရေးမလို့ပါ။ ဒါပေမယ့် ဒီတစ်ပုဒ်တည်းနဲ့ ပြီးမယ်လို့ ထင်ခဲ့လို့ပါ။ သိပ်မကြာပါဘူး။ ဂန္ထ၀င်ရည်းစာစာ ဆိုပြီး ထွက်လာပြန်ပါရော။ ဆိုတဲ့သူကလည်း မကြောက်။ နားထောင်တဲ့သူကလည်း မကြောက်။ ကျွန်တော်တို့ ဘုရားရှင်က သိက္ခာပုဒ်တွေကို ပညတ်ခဲ့ရာမှာ လောကအပြစ်နဲ့ မလွတ်တဲ့ အပြစ်တွေကိုလည်း သိက္ခာပုဒ်အနေနဲ့ သတ်မှတ်ခဲ့ ပါတယ်။ ဒါတွေဟာ ဒီလိုလုပ်တာဟာ လောကအပြစ်ပါ။ ဘာသာခြားတွေ ဟားတိုက်စရာ။  လှောင်ပြောင်စရာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ ကိုယ့်ဘာသာတရားကို ကပျက်ကချော်လုပ်ရဲတယ်။ ဒီဘာသာဟာ နဂိုရ်ကတည်းက ဘာမှအဓိပ္ပါယ်မရှိ ဖွဲ့စည်းထားတဲ့ ဘာသာဖြစ်မှာပါပဲလို့ ထင်မြင်သွားစရာဖြစ်ပါတယ်။

အဲဒီသီချင်းတွေက တရားဝင်ဖြန့်တာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။ ဒါပေမယ့် တရားဝင်ထွက်လာတဲ့ ခွေက မေတ္တာပို့ ကိုဒီဂျေပွတ်တာပါ။ ရင်နာစရာကောင်းပါတယ်။ ဗုဒ္ဓဘာသာကသာ ဗုဒ္ဓဘာသာကို ပြန်ဖျက်ဆီး လိုက်ကြပါပြီ။ မာတာပိတု အာစရိယ ဉာတိမိတ္တသမူဟာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု စတာတွကို ဒီဂျေပွတ်ပစ်တာပါ။ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း။ ဆရာသည်လည်းကောင်း၊ ဆွေမျိုးသည်လည်းကောင်း၊ မိတ်ဆွေသည်လည်းကောင်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ဘေးရန်ကင်းပါစေ ဆိုတာကို ခင်ဗျားတို့ ကလို့ရတယ်ပေါ့။ ခပ်မှိန်မှိန်အပြာရောင်မီးအောက်မှာ မူးမူးရူးရူးတစ်ယောက်ကို တစ်ယောက် လူမှန်းမသိအောင်မူးရင်း ဖက်နမ်းပြီး ကရဲကြတယ်ပေါ့။ အဲဒီသီချင်းကို အနုပညာ လို့ ခေါ်ရဲတယ်ပေါ့။ အဲဒီပညာတွေကို။ ခေတ်မီတယ်ပေါ့။ ဗုဒ္ဓဘာသာကို ပြန်ဖျက်ဆီးကြတာ ပျော်စရာကောင်းတယ်ပေါ့။ မစိုးရိမ်ဆရာတော်ဘုရားကြီး ပြောလေ့ရှိတဲ့ စကားက “မင်းတို့က မတောက်တခေါက် အတွေးအခေါ်တွေနဲ့ ဖင်ခေါင်းက သိပ်ကျယ်ချင်ကြတာ” လို့ ကျွန်တော် ပြန်ပြောရင်တောင် ကျွန်တော်က ယဉ်ကျေးပါသေးတယ်။ ခင်ဗျားတို့က မအေကိုင်တုတ်မှ ရိုင်းတယ်လို့ ထင်နေကြတာပေါ့။  မြန်မာနိုင်ငံက အနုပညာရှင်တွေ သူတို့ကိုသူတို့ အနုပညာရှင်လို့ ပြန်ခေါ်ရဲတာ အံ့တယ်။

သီချင်းတစ်ပုဒ်က “ဘုန်းကြီးဝတ်သွား” တဲ့။ ဟုတ်လား။ ဆိုစရာ ရှားနေရင် သူတောင်းစားလုပ်စားလို့ ရတယ်။ နောက်ပြီး ရှိသေးတယ် မြန်မာဇာတ်ကားတွေ ထဲမှာကြည့်ဖူးတယ် သုံးလေး ကားလောက် အဲ့ဇာတ်ကားတွေထဲမှာ ဘာပြောသလဲဆိုတော့ ကောင်းလေး တစ်ယောက်က ရည်းစားစကားလိုက်ပြောတာကို မင်းသမီး  က ပြန်ပြောတယ် “ မင်းရဲ့တော်ကီတွေက ရိုးနေပြီး သွား ဘုန်းကြီးဝတ်လိုက်တော့ “ စသဖြင့်ပေါ့ တော်တော်သုံးစရာ စကားရှားပါးနေတယ်။ ဘုန်းကြီးတွေ ကပဲ အဲ့လိုဖြစ်လို့ ၀တ်နေတဲ့သူလိုလို။ အခုနောက်ပိုင်း ဇာတ်ကားတွေ ခရစ်ယာန် ဘာသာဝင်အဖြစ်နဲ့ ဇာတ်ကားတွေ ရှိက်လာကြတယ်။ သရုပ်ဆောင်တဲ့ မင်းသား မင်းသမီးတွေ က ဗုဒ္ဓဘာသာတွေ ပါ။ ဒါပေမယ့် ဇာတ်ကားထဲ မှာ ဘုရားသခင်ကို ရှိခိုးတယ်ဗျာ့။ ပိုက်ဆံကြည့်ပြီး ရိုက်ကြတယ်ဗျာ ဒါမျိုးဇာတ်ကားတွေ။ ဇာတ်ကားအရ ဆိုပေမယ့် မရိုက်သင့်ဘူး။ ခရစ်ယာန်ဘာသာဝင် မင်းသား မင်းသမီး တွေကတော့ ဇာတ်ကားထဲ မှာ ဘုရားရှိခိုးခန်းတွေ ပါတယ် ရှိမခိုးဘူး လုံးဝပဲ။ မြန်မာတွေ ထွင်ထားတဲ့ စကားပုံတစ်ပုံရှိတယ်။ “ထမင်းငတ်လို့ မသေပါဘူး” တဲ့။ အရေးထဲ မန္တလေးသင်္ကြန်မှာ ချစ်သုဝေက ပြောသွားသေးတယ်။ “ကိုယ်တော်တွေ ရရင် လိုက်ဆိုလို့ရတယ်” တဲ့။ စန္ဒီမြင့်လွင်က “အများကြီးပဲ ကိုယ်တော်တွေ” တဲ့။ အများကြီးပဲ အဆိုတော်တွေ ပြောသွားတဲ့ စကားတွေ။ အော် အသိတရားမရှိ ပညာမရှိလို့ နေမှာပေါ့လေ။ မြန်မာနိုင်ငံမှာ ရဟန်းပေါင်း ငါးသိန်းကျော်တယ်။ မဟုတ်တာလုပ်နေတဲ့ ကိုယ်တော်တွေ တစ်သောင်း မပြည့်ပါဘူး။ စာသင်နေတဲ့ စာချနေတဲ့ တရားထိုင်နေတဲ့ ကိုယ်တော်တွေကို လိုက်မကြည့်ဘဲ ပုထုဇန်သဘာဝအရ မရင့်ကျက်သေးတဲ့ ကိုယ်တော်တွေကို လိုက်ကြည့်ပြီး အပြစ်ပြောချင်နေတယ်။ ဆိုစရာသီချင်းမရှိရင် ကျွန်တော့်ဆီလာခဲ့ပါ။ ကျွန်တော်ရေးပေးမယ်။ ဘုန်းကြီးဝတ်သွားဆိုတဲ့ စာသားကို မြန်မာ့ဂီတ အစည်းအရုံးကလည်း ထုတ်ခွင့်ပေးတာ အံ့ပါတယ်။ ဆင်ပေါက်ထက် ဂျောက်ဂျက်ကမှ ယဉ်ကျေးပါသေးတယ်။

ဒီသီချင်းတွေကို ကျွန်တော့်ထက် မိတ်ဆွေတို့ ပိုကြားဖူးမှာပါ။ အထက်ပါ ကျမ်းပြုဆရာတော်ဟာ အထက်ပါစကားကို ပြောသွားခဲ့တာ နှစ်ပေါင်း ငါးဆယ်ကျော်သွားပါပြီ။ ဆရာတော်ဘုရား သိပ်မှန်တယ်။ “မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အာဖရိကနိုင်ငံနဲ့ သူမသာ ကိုယ်မသာ ဖြစ်နေမှာပဲ”

ကျွန်တော်ဒီပိုစ့်ကို ဆွမ်းဆန်ထဲ ကြက်ချေးရောသည်ဟု သတ်မှတ်သော်လည်း အကြာကြီးထိုင်ပြီး အစော်ကား မခံနိုင်တော့သဖြင့် တင်လိုက်ခြင်းဖြစ်ပါသည်။

Source:MM Daily Mail


Friday, April 15, 2011

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ

ငွေကြေးပေါများသောသူတော်တော်များများမှာတွေ့ရပါတယ်၊၊ငွေ ၃-၄-၅သိန်းစသဖြင့်အကုန်ခံပြီး ချောင်းသာ ၊ ငပလီ ၊ မောင်းမကန် တို့ကိုသွားပြီး ရေငံငံတွေရှိတဲ့ပင်လယ်ကို သွားကြည့်ပါတယ်၊၊ ဇိမ်ခံကြပါတယ်၊၊ ငါတော့မသေခင် ငါတို့ကိုးကွယ်တဲ့ဗုဒ္ဓဘုရားရှင်ပွင့်တော်မူခဲ့သော ဗုဒ္ဓဂါယာကိုသွားဖြစ်အောင် သွားပြီးတော့ကိုဖူးလိုက်ဦးမယ်ဟေ့ဆို တာဒီနေ့အထိမတွေဘူးသေးပါဘူး၊၊

ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊ ခေတ်တွေတိုးတက်နေပါပြီဆိုပြီး ကလပ်တွေတက်ပါတယ်၊ အရက်-ဘီယာသောက်ပါတယ်၊၀ိုင်သောက်ပါတယ်၊ ပန်းခြံတွေမှာရည်းစားသညာတွေနဲ့ချိန်းတွေ့ပြီး အကုန်ပေးပါတယ်၊၊  ကိုယ့်ကိုကိုယ် မိန်းမ ဆိုတာကိုသတိမရကြပါဘူး၊၊ သူတို့တွေရဲ့မြင်ကွင်းတွေဟာINTERNET မှာVIDEOများ၊ ဓါတ်ပုံများ အဖြစ်နဲ့ပျံ့နှံ့နေပါတယ်၊၊စင်င်္ကပူ၊ဒူဘိုင်း၊အမေရိကား စတဲ့နိုင်ငံတွေကို ပညာသင်ကြားဖို့အတွက်ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေသွားရောက်နေသောမြန်မာ အမျိုးသမီးများ(မှတ်ချက်-ပျက်စီးနေသော မိန်းမဆိုးများကိုသာ ဆိုလိုပါသည်-သိက္ခာတရားနဲ့မိန်းမဂုဏ်ကို အသက်မက တန်ဖိုးထားစောင့်ထိန်းပြီး စာကိုပဲတစိုက်မတ်မတ်ကြိုးစားနေသည့် လေးစားဖွယ် မြင့်မြတ်သောမိန်းကလေးများ၊မိမိအလုပ်ကိုသာ သန့်ရှင်းစွာဖြင့် က္ကုနြေ္ဒသိက္ခာအပြည့်နှင့်ကြိုးစားလုပ်ကိုင်နေသော တန်ဖိုးထားဂုဏ်ယူထိုက်သည့် မန်မာအမျိုးသမီးကောင်းများ မပါ-ပါ) အဲ့ဒီမှာသင်္ကြန်-NEW YEAR စတဲ့ရက်တွေမှာ သောက်ကြ၊စားကြ၊ကကြခုန်ကြနဲ့ ပျက်စီးနေကြ ပါတယ်၊၊ ရည်းစားထားပြီး LIVING TOGETHER နေထိုင်ကြပါတယ်၊၊ တစ်ချို့သော ငွေကြေးမတတ်နိုင်သောအမျိုး သမီးများသည် အခကြေးငွေယူပြီး လုပ်ကိုင် စားသောက်ပါတယ်၊၊ အဲ့လိုအကျင့်ပျက်မိန်းကလေး¬တွေကြောင့် နိုင်ငံဟာ တော်တော်သိက္ခာကျပါတယ်၊၊ passport ထပ်ရင်တောင် မြန်မာဆိုရင် နောက်ဆုံးကထားတယ်တဲ့ ၊၊ အဲ့ဒီစကားလေးကို စင်္ကပူက လူတစ်ယောက် ကိုယ်တိုင်ပြောတာပါ ၊၊ ပြီးရင် ပြန်လာတဲ့အချိန်မှာ အဲ့ဒီရွှံပိတ်များအား မြန်မာအမျိုးသားများက ထမ်းကြရပါတယ်၊၊ သိပ်ပြီးရွံစရာကောင်းသော လုပ်ရပ်များဖြစ်ပါတယ်၊၊ သက်သေအနေနဲ့ ဓါတ်ပုံပေါင်းများစွာ၊ video ပေါင်းများစွာရှိပါတယ်၊၊ ဒါ့ကြောင့် မြန်မာ အမျိုးသမီးကောင်းများစွာ ထဲက အဲ့ဒီအကျင့်ပျက်၊ မိအုပ်ဖအုပ်မရှိသောအမျိုးသမီးဆိုးများ ထိန်းသင့်ပါပြီ၊၊ ရှက်သင့်ပါပြီ၊၊ ခုဆိုရင် မြန်မာအမျိုးသမီးတွေဟာဝတ်စားဆင်ယင်မှုက အစ ရဲတင်းလာကြပါပြီ။ ကိုရီးယားကား၊ နိုင်ငံခြားမှရုပ်ရှင်ကားများကိုကြည့်ပြီး အတုခိုးမှားကာ လိုက်ပြီးဝတ်စားဆင်ယင်မှုကိုအတုယူကြပါတယ်..
တကယ်အတုယူစရာကောင်းတာတွေကိုတော့ အတုမယူကြဘဲ အတုမယူသင့်တာတွေကို
အတုယူကြပါတယ်..ကဲ.. ဒီလိုပြောလို့မြန်မာ့ယဉ်ကျေးမှုနဲ့ အညီဝတ်ဆင်ကြတယ်ဆိုတော့ ဒါဆို ကျွန်မတို့က ထမီနဲ့ ရင်ဖုံးအင်္ကျီဝတ်ပြီး အလုပ်လုပ်ကြရမှာလား လို့ဆိုဖွယ်ရာရှိပါတယ်၊၊ လာမရောပါနဲ့၊၊ တစ်ခြားစီပါ အဓိပါယ်ချင်း၊၊ သို့သော် ခေတ်နဲ့အညီဝတ်စားတာကိုမတားမြစ်ပါဘူး။ ဘယ်ဥပဒေကမှလည်းမပိတ်ပင်ပါဘူး.. ခေတ်နဲ့တော့ညီပါ.. ခေတ်ဆန်ချင်လည်းဆန်ပါ.. လူမြင်မကောင်းအောင်တော့မလုပ်ကြပါနဲ့ပေါ့..လူမြင်ကောင်းတယ်ပဲထား..မြန်မာ့ယဉ်ကျေးမှုကတော့ ပျက်ပြားသွားမှာပါ..
နောက်ဆိုရင် ထမီဆိုတာတောင် ဘယ်လိုမှန်းသိမှာမဟုတ်တော့ပါဘူး.. အရင်တုန်းက မိန်းကလေးတစ်ယောက်က ထမီပြင်ဝတ်ရင် လူမရှိတဲ့ဘက်ကို လှည့်ပြီး လုံခြုံသေသပ်စွာနဲ့ ၀တ်ပါတယ်၊၊အဲ့ဒါကိုများ ခိုးကြည့်မိရင် နှာဘူးကြီး ဘာကြီးဆိုပြီးတော့ မျက်စောင်းပေါင်းများစွာ အထိုးခံရပါတယ်၊၊အဲလောက်ထိ နဂိုခေတ်ကမိန်းကလေးများ က္ကုန္ဒြသိက္ခာနဲ့ပြည့်စုံတာပါ.. ခုတော့ အဲ့လိုမဟုတ်ဘူး၊၊ ဟိုနားဖော် ဒီနားဖော်နဲ့၊၊ တစ်ချို့ဆို ပေါင်အထက်မှာဝတ်တယ် ၊၊ သူတို့ကိုသူတို့တော့ခေတ်မှီတယ်ပေါ့ ဆိုလိုချင်တာက၊၊ ရုပ်ရှင်ဗွီဒီယို သရုပ်ဆောင်များက ရှေ့ဆောင်လမ်းပြလုပ် နေကြတာလဲပါပါတယ်၊၊

ယောင်္ကျားလေးများကလဲ
ထိန်းသင့်ပါတယ်၊၊ကိုယ့်ရဲ့နှမများလိုသဘောထားပြီးစောင့်ထိန်းသင့်ပါတယ်၊၊တွေ့သမျ¬ှမိန်းကလေးတွေကို
ကိုယ့်မြန်မာအမျိုးသမီးလေးတွေပါလား ဆိုတဲ့အသိနဲ့ ချက်တင်လောကထဲက ဆွဲထုတ်ရမဲ့အစား၊ ပိုပြီးနစ်အောင်နှစ်နေတဲ့သူတွေက တစ်ပုံကြီးပါ၊၊ တစ်ချို့ဆို ရည်းစားထားပြီး ဟိုပစ္စည်းမှာ ဒီပစ္စည်းမှာနဲ့ ယောင်္ကျားမတန်မဲ့ ပိုင်းလုံးလုပ်နေတာတွေ သိပ်ပြီးရှက်ဖို့ ကောင်းပါတယ်
သိပ်ပြီးအောက်တန်းကျပါတယ်၊၊ လက်တော့ မှာတဲ့သူနဲ့ ၊ ဖုန်းမှာတဲ့သူနဲ့ ၊၊ ပါးရိုက်သတ်ဖို့ကောင်းတယ်၊၊ တစ်ချို့ကတော့ မိန်းကလေးတွေကို ပထမခင်အောင်ပြောတယ်..ပြီးရင် sexyword တွေကိုလှည့်ပတ်ပြောပြီး
မိန်းကလေးများစိတ်ပါအောင် ကြံဖန်ပြီး ပြောတယ် ဖျက်စီးတယ် အဲ့လိုမျိုးတွေယုတ်မာရိုင်းစိုင်းအောက်တန်းကျကြပါတယ်။ " ငါတို့ကယောင်္ကျားတွေပဲ ဥပုဒ်စောင့်တဲ့ ကျားရှိလို့လား " ဆိုပြီး အကြောင်းပြချက်မပေးပါနဲ့ ၊၊ အဲ့ဒါ မိမဆုံးမ ဖမဆုံးမ လမ်းကြိုလမ်းကြားမှာ ပြည့်တန်ဆာနဲ့ အမည်မသိဘိန်းစားနဲ့ မျိုးစပ်ပြီးပေါက်ဖွားလာတဲ့ ကလေကချေတွေ ပေးတဲ့ အကြောင်းပြချက်တွေပါ ၊၊
တစ်ချို့သော မိန်းကလေးတွေဆိုရင် အဲ့ဒါတွေကြောင့်ပဲ ချက်တင်ကိုအစွဲကြီးစွဲပြီး ချက်တင်ဆိုတဲ့နွံထဲမှာ နစ်နေတာတွေ အများကြီးပါ၊၊အဲ့လိုလူမျိုးတွေကို ခွေးကမွေးတဲ့အောက်တန်းစားများအဖြစ် သတ်မှတ်ပြီး ရှောင်သင့်ပါတယ်… မိန်းကလေးများအနေနဲ့၊၊ သို့သော် ပြောသာပြောရတာပါ အဲ့လိုပြောစားလာတဲ့ ယောက်ျားတွေကလဲ သဘာကရင့်နေပါပြီ ပြီးတော့ မိန်းကလေးတွေကလဲ အဲ့လိုပြောတဲ့သူတွေကိုမှ ပိုပြီးကြွေသလားတော့ မပြောတတ်ဘူးပေါ့ ....
တော်တော်သဘောကျကြပါတယ် ၊၊ တစ်ချို့သော အမျိုးသမီးများ၏ ဟာလာဟင်းလင်း ဓါတ်ပုံပေါင်းများစွာဟာ လည်း အင်တာနက်မှာ မမြင်ချင်အဆုံးပါပဲ..တော်တော်အရှက်နဲတဲ့ မိန်းမတွေပါ VZO ကနေတစ်ဖက်က
ယောင်္ကျားလေးတစ်ယောက်ကို မျိုးစုံလုပ်ပြပါတယ် ... ဒါတွေက ယောင်္ကျားလေးတွေကိုယ်တိုင် ၀န်ခံကြတာပါ..တချို့ မိန်းကလေးတွေရဲ့ အရှက်နည်းမှုတွေကို ဝေဖန်ကြတာပါ..
အဲလိုမိန်းမမျိုးတွေကို ရွံလွန်းလို့ အော့နှလုံးနာလွန်းလို့ ၊၊ အဲ့ဒါလား မြန်မာဗုဒ္ဓဘာသာအမျိုးသမီး တွေ ဆိုပြီးတော့ ကိုယ်ကိုယ်တိုင် မြန်မာဖြစ်ရတာကိုတောင် အော့နှလုံးနာပါတယ်... အဲ့တော့ မြင့်မြတ်တဲ့ မြန်မာအမျိုးသမီးကောင်းများအနေနဲ့ အဲ့လိုပုပ်နေတဲ့ ငခုံးမတွေ(မိန်းမများ)ကိုလဲရှောင်ကြဉ်ပါ ၊၊ ပြီးရင်
ပုပ်နေတဲ့ငခုံးမ(အထီးတွေ)ကိုလဲ သတိထားပြီး ရှောင်ကြဉ်ပါ၊၊ အပေါင်းအသင်းမလုပ်ကြပါနဲ့ လို့ ဆိုတာကို အသိပေးပါတယ်နော်...မြန်မာနိုင်ငံကို ဘက်စုံမှာတိုးတက်စေဖို့အတွက် မြန်မာနိုင်ငံရဲ့ ဂုဏ်ကို မြှင့်တင်ဖို့ အတွက်က ဒီလိုဟာမျိုးတွေနဲ့မပတ်သက်မိဖို့လိုပါတယ်...


စိတ်ဓါတ်ရေးရာအရ သုံးသပ်ချက်

မြန်မာတွေဟာကိုယ်ပိုင်-ကိုယ်တိုင် အသစ်အဆန်းများအားတီထွင်လိုစိတ်မရှိခြင်း ၊အခြားနိုင်ငံများရဲ့တီထွင် ပေးမှုများကိုသာအဆင်သင့် သုံးချင်ကြသော လူဖျင်းလူနုံလူအများဖြစ်နေခြင်း၊၊ ပျင်းရိခြင်း၊၊ တော်သည့်လူများချွန်ထွက်လာပြီဆိုရင်လဲ  အဲ့ဒီလူကိုဘယ်လို နှိပ်ကွပ်ရမလဲဆိုတာပဲ စဉ်းစားကြပါတယ်၊၊ နမူနာပြောပြမယ်၊၊ အိုင်းစတိုင်းဟာ ပန်းသီးလေးတစ်လုံး ကြွေကျတာကို ကြည့်ပြီး ထိုင်စဉ်းစားနေလို့ အင်မတန်အသုံးဝင်တဲ့ များစွာအကျိုးကျေးဇူးတွေ ဖြစ်လာစေမဲ့ formula တစ်ခုကို ရရှိခဲ့ပါတယ်၊၊ တို့ဆီမှာ တကယ်လို့များ လူတစ်ယောက်က အဲ့လိုထိုင်စဉ်းစားနေရင် ခုဒီစာကိုဖတ်နေတဲ့ လူကြီးမင်း ဘယ်လိုတွေးမလဲ၊၊ ဂျက်လီဟာ ကွန်ဖူးကို တရုတ်ပြည်တစ်ပြည်လုံးမှာ ပထမရအောင် ယှဉ်ပြိုင်ခဲ့ပါတယ်၊၊ဒါ့ကြောင့် သူ့ကို မင်းသား တင်ရိုက်တယ်၊၊နာမည်ကြီး မင်းသား တစ်ယောက်ဖြစ်လာပါတယ်၊၊ဘရုစလီဟာ ဗိုက်ပေါ်ကို ကားနင်းတာ ခံပြခဲ့ပါတယ်၊၊ အနီးကတ် ထိုးချက်ဆိုတဲ့ အဇ္ဈတ္တနဲ့ ဗဟိဒ္ဓ ပေါင်းစပ်ထားတဲ့ ထိုက်ကျိကို အခြေခံတဲ့ သိုင်းပညာတစ်မျိုးနဲ့ အခြားတရုတ်ရိုးရာ သိုင်းပညာများစွာကို ဖော်ထုတ်ပြသခဲ့ပါတယ်၊၊ဒါ့ကြောင့်လဲ သိုင်းလို့ပြောရင် တရုတ်ကို လူတိုင်းသိကြပါတယ်၊၊အဲ့လိုမျိုး သူတို့ဆီမှာ အားပေးအားမြှောက် ပြုကြပါတယ်၊၊ တို့နိုင်ငံမှာ သိုင်းသင်နေတဲ့ လူတစ်ယောက်ကို ငပေါကြီး ငရူးကြီး စသဖြင့်ပြောကြပါတယ် နှိမ့်ချချင်ကြပါတယ်၊၊ တရုတ်ကားတွေထဲမှာ ပါတဲ့ အကြောပိတ်-အကြောနှိပ်ပညာဆိုတာ တကယ်ရှိပါတယ် အဲ့ဒါဟာ တို့မြန်မာ့ရိုးရာ ဗန်တိုပညာ၊ ရှမ်းကြီးသိုင်း၊ပွဲကျောင်းသိုင်း ဆိုတဲ့ပညာရပ်တွေထဲမှာ ပါပါတယ်၊၊ တရုတ်က ဗောဓိဓမ္မ (တရုတ်လိုဆရာတော်တာမို)ဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးက မြန်မာတို့ရဲ့ ပွဲကျောင်းသိုင်းနဲ့ နန်းသိမ်းခုံ(ယခု ရှမ်းကြီးသိုင်း)ကို တိဗက်မှာ သင်ယူခဲ့ပြီး သူ့နိုင်ငံကိုရောက်တဲ့အချိန်မှာ ကျန်းမာရေးနဲ့လဲ ညီညွတ်အောင်၊ ဘုန်းကြီးတွေလဲ တရားကျင့်တဲ့အချိန်မှာ မငိုက်မြည်းအောင်ဆိုပြီး ပုံစံတစ်မျိုးနဲ့ထွင်ပါတယ်သူ့ကျောင်းရဲ့ နာမည်ကို အစွဲပြုပြီး အဲ့သိုင်းကို ရှောင်လင်လို့ခေါ်ပါတယ်၊၊ အဲ့တော့ တို့မြန်မာတွေ သိပ်ပြီးတော်ပါတယ်၊၊
အဲ့လို ကိုယ့်ဟာက သူများဟာဖြစ်သွားအောင် တော်တဲ့သူ တွေကိုနှိမ့်ချနိုင်စွမ်းရှိပါတယ်၊၊ ပြီးတော့ တစ်ခုရှိသေးတယ်၊၊ မင်းတုန်းမင်းခေတ်ကပါ၊၊ အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို ကျူးကျော်နေတဲ့အချိန်ပါ၊၊ မြန်မာတွေအနေနဲ့ လက်နက်အင်အားနဲ့နည်းပညာမှာ အင်္ဂလိပ်ကိုမမှီလို့ သိပ်ပြီးအခက်အခဲတွေ့နေရတဲ့ အချိန်ပါ၊၊ အဲ့တုန်းက အင်္ဂလိပ်ကမြန်မာနိုင်ငံထဲကိုဝင်ရင် ရေကြောင်းကပဲ ၀င်နိုင်ပါတယ်၊၊ အဲ့အချိန်မှာ ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့ ကနောင်မင်းသားကြီးတို့ဟာရေမြှုပ်ဗုံးထွင် နေကြတဲ့အချိန်ပါ၊၊ သူတို့ ထွင်ထားတာပြီးသွားတဲ့အချိန်မှာ အောင်ပင်လယ်ကန်ကို နှစ်ယောက်သားသွားပြီး စမ်းသပ်ကြပါတယ်၊၊ အရင်ဆုံး ကနောင်မင်းသားကြီးဟာ ဗုံးတစ်လုံးကို ကန်ထဲပစ်ချလိုက်တော့ ၀ုန်းဆိုတဲ့ အသံကျယ်ကြီးနဲ့အတူ ပေါက်ကွဲထွက်သွားပါတယ် သူတို့အရမ်းကိုပျော်ပြီး ကနောင်က ဦးဘိုးလှိုင်ကို " ကျုပ်တို့ အင်္ဂလိပ်ကို ချောင်ပိတ်ပြီးစိစိညက်ညက်ချေပစ်နိုင်ပြီ"လို့ ပြောလိုက်ပါတယ်၊၊ သူတို့ စမ်းသပ် နေတုန်းအချိန်က နန်းတွင်းထဲမှာ မင်းတုန်းမင်းက ဘုန်းကြီးတွေကိုဆွမ်းဖိတ်ကျွေးနေတဲ့အချိန်ပေါ့၊၊ ကနောင်နဲ့ ဦးဘိုးလှိုင်တို့ ပျော်ရွင်စွာနဲ့ပြန်လာကြတဲ့အချိန်မှာ  နန်းတော်တံခါးဝကိုရောက်တော့ လှိုင်ထိပ်ခေါင်တင်နဲ့ တွေ့တယ် ၊၊ ကနောင်က "နှမတော် ခုဏက အသံတွေ အကိုတော်ကြားလား သူဘာပြောလဲ" လို့ မေးလိုက်တယ်၊၊ သူကတော့ မင်းတုန်းမင်းကြီးလဲပျော်မယ်ထင်တာပေါ့၊၊ လှိုင်ထိပ်ခေါင်တင်ပြောတာက "
အဲ့အချိန်တုန်းက မင်းတရားကြီးက ဘုန်းကြီးဆွမ်းကျွေးလုပ်နေတာတဲ့၊ ဘုန်းကြီးတွေက
အဲ့ဗုန်းကွဲသံကို ကြားတော့ ရေထဲကသတ္တ၀ါတွေဒုက္ခရောက်တော့မယ်ဆိုပြီး
ဆွမ်းစားတာချက်ချင်းရပ်ပြီး ပြန်ကြွသွားကြတယ်တဲ့၊အဲ့ဒါနဲ့ မင်းတရားကြီးက ကနောင်နဲ့ဦးဘိုးလှိုင်ရဲ့ ရေမြှုပ်ဗုံးကို တားမြစ်ပါမယ်ဆိုပြီး ကတိပေးလိုက်ရတယ်တဲ့"၊၊ အဲ့အခါမှ ကနောင်မင်းသားကြီးက
ဝမ်းနည်းစွာနဲ့ ဦးဘိုးလှိုင်ကို " ကျုပ်တို့တွေ သူ့ကျွန်ပဲ လုပ်ကြပါစိှု့ဗျာ" တဲ့၊၊ ၁၂၄၀ ခုနှစ် အင်္ဂလိပ်အရာရှိမှတ်တမ်းတွင် " သတင်းပေးသူမှတ်တမ်း "ဆိုတဲ့စာအုပ်မှာ မြန်မာတို့သည် ရိုင်ဖယ်သေ နတ် များနှင့် တော်ပီဒိုရေမြှုပ်ဗုံးများ လုပ်ကိုင်နိုင်ပြီလို့ ဖော်ပြထားပါတယ်၊၊ဒါကို ကုန်းဘောင်ရှာပုံတော် ဆိုတဲ့ စာအုပ်မှာဖတ်ရှုနိုင်ပါတယ်၊၊ အဲ့ဒီလို တို့မြန်မာတွေဟာ တော်တဲ့သူတွေကို အားပေးအားမြှောက်လုပ်မှု နည်းပါးကြပါတယ်၊၊ မိမိကိုယ်ကို အထင်သေးသိမ်ငယ်တတ်ပြီး တိုင်းတစ်ပါးကိုစွတ်အထင်ကြီးတတ်သော လူဖျင်းလူနုံများ၊ဆန်ကုန် မြေလေးများတစ်နေ့တစ်ခြားတိုးတက်များပြားလာခြင်း၊၊ယနေ့ INTERNET ကိုတော်တော်များများသုံးနေကြပါပြီ၊၊ သို့သော် ၀မ်းနည်းစရာကောင်းသည်မှာ အကျိုးရှိ သည့်နေရာတွင် အသုံးမချပဲ ရည်းစားရှာဖို့၊ Sexy Words တွေပြောပြီး ကျေနပ်ဖို့ စတဲ့မဟုတ်တဲ့နေရာတွေမှာ အသုံးချ နေကြတာပါပဲ၊၊ မြန်မာရဲ့ အဓိကအားနည်းချက်ကအဲ့ဒါပဲ၊၊မဟုတ်တဲ့နေရာမှာ သိပ်ပြီး ချွန်တယ်၊၊ 
၁ နာရီမှ၂၀၀-၃၀၀လောက်ပေးရသော INTERNET ကို အကျိုးရှိရှိအသုံးချမယ်ဆိုရင် ရတနာသိုက်ကြီးပါ၊၊ လိုချင်တာ လေ့လာချင်တာ အကုန်ရတယ်၊၊ ရှာစမ်းပါ GOOGLE ကနေ၊၊ စာအုပ်တွေရှာ ဖတ်၊လေ့လာ၊၊လုပ်စမ်းပါ၊၊ အလိမ္မာ စာမှာရှိတဲ့၊အလုပ်ချိန်မှာ အလုပ်လုပ်တယ်၊၊ နားချိန်မှာ ကောင်းကောင်းနားတယ်၊၊မြန်မာနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာNET အရမ်းကောင်းပါတယ်၊၊သို့သော် သူတို့တွေ ဒို့ဆီက မြန်မာတွေလို မချက်ပါဘူး၊၊ လိုအပ်မှ သုံးပါတယ်၊၊ ဒို့မြန်မာတွေကတော့ အဲ့လိုမဟုတ်ပါဘူး၊၊ နားကြပ်ကြီးတွေ တပ်ပြီး တစ်နေကုန် ဖင်ပူအောင်ထိုင်၊ တွေ့သမျှ ဆန့်ကျင်ဘက်(gender ) များနဲ့ချက် နေလိုက်ကြတာကို လေယဉ်မောင်းနေတဲ့ ပိုင်းလော့ကြီးတွေ ကျနေတာပဲ၊၊ တစ်ချို့ဆိုရင် အဲ့ဒီ INTERNET ဆိုင်ကရောင်းတာကိုစားပြီး တစ်နေကုန်ထိုင်ချက်ပါတယ်၊၊လက်တွေ့ နားနဲ့ဆက်ဆက် ကြားနေရတာတွေရှိပါတယ် နစ်ကိုကြိုက်တဲ့အချိန်ဖွင့်၊အမြဲတမ်းအွန်လိုင်းပဲ၊၊ပြီးရင် စကားကိုအကောင်းမပြောဘူး၊၊ လူတစ်ယောက် ချက်တာကို ဘေးကနေနားထောင်နေတာသူတို့မှာအွန်လိုင်းကနေ မိန်းမတွေကော ကလေးတွေတောင် လေနဲ့ရနေကြပါပီ။ တချို့ဆို Q တယ်လို့ခေတ်စကားနဲ့ပြောလို့ရပါတယ်.. ကောင်လေးတွေဆိုလည်း
ကောင်မလေးတွေကို လိုက်Q နေကြပါတယ်.. ကောင်မလေးတွေဆိုရင်လည်း အဲဒီQ တာကိုပဲခံနေကြပါတယ်.. ဘယ်လိုလုပ်ကြမလဲ ၊၊ မြန်မာတွေဟာ မဟုတ်တဲ့ဘက်မှာ သိပ်ချွန်နေကြတယ်၊၊အချိန်တွေ ၊ အင်အားတွေ ဘယ်လောက် နှမြောစရာ ကောင်းလိုက်သလဲ ၊၊ ရှက်သင့် ကြပါပြီ ၊ ပြင်သင့်ကြပါပြီ ၊၊ဒီ Mail အတွက် မုန်းချင်မုန်းကြပါ နာချင်ရင်နာကြနိုင်ပါတယ်၊ နာအောင်လဲ ရေးထားတာပါ၊၊ မှားနေကြတာတွေကို ပြင်စေချင်တဲ့စိတ်နဲ့၊အားလုံးကို ကိုယ့်ညီမတွေလို မပေါင်းသင့်တဲ့သူတွေနဲ့မပေါင်းရအောင် ၊အတုမယူသင့်တဲ့သူ တွေကို အတုမယူမိအောင်၊အားလုံးကိုကြိုးစားချင်စိတ်ရှိကြဖို့တွေအတွက် နာအောင်ရေးထားတာပါ၊၊ နောက်ပြီးတော့ အဲ့ဒီလူမျိုးတွေ၊အဲ့လိုကိစ္စတွေကိုရှောင်ပြီး ဖြောင့်လာကြမယ်ဆိုရင် အမုန်းခံရတာ တန်ပါတယ်၊၊
အားလုံးပဲ Good luck in everything! ဒီစာကို ထောက်ခံရင် မှန်တယ်ဆိုရင် သူငယ်ချင်းတွေကိုပါ ဖတ်ဖို့ပေးလိုက်ပါ၊၊
မမှန်ဘူးလို့ယူဆရင် မုန်းနိုင်ပါတယ်၊၊ တစ်ခုပြောစရာရှိတာက အဲ့ထဲမှာရေးထားတဲ့ မကောင်းသောယောင်္ကျားများ ၊မိန်းမများဆိုတာ အကုန်လုံးကိုပြောတာမဟုတ်ပါ၊၊ အလွန်သိက္ခာရှိပြီး လေးစားဖွယ်၊ဂုဏ်ယူထိုက်သော မြန်မာအမျိုးသမီးကောင်းများစွာ၊အမျိုးသားကောင်းများစွာ ရှိပါသည်၊၊
အားလုံးကိုဆိုလိုခြင်းမဟုတ်ပါနော်...
ဒီစာကို ရေးရခြင်းက အားလုံးကို ကောင်းစေခြင်းလို့ပါ..
အလင်းရဲ့ဒိုင်ယာရီထဲမှ စာကို ကိုးကားထားခြင်းဖြစ်ပါသည်...

On 4/11/11, toe toe.011 wrote:
Source: forward Mail

Thursday, April 14, 2011

ပြည်တွင်း မဟာသင်္ကြန်အကြိုနေ့မြင်ကွင်းများ

TG1
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက် ၈နာရီက ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်း
TG2
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲတက်ရောက်ခဲ့သည့် ရန်ကုန်မြိုတော်ဝန် ဦးလှမြင့်
အကြိုနေ့ ရန်ကုန်သင်္ကြန်
ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ဧပြီလ ၁၃ ရက် နေ့(သင်္ကြန်အကြိုနေ့)၊ နံနက် ၈ နာရီတွင် ဖွင့်လှစ် ခြင်း နှင့်အတူ ၁၃၇၆ ခုနှစ် ရန်ကုန်မဟာသင်္ကြန်ကို စတင်ခဲ့သည်။
သို့သော် ရန်ကုန်သင်္ကြန်အကြိုနေ့မှာ ယခင်နှစ်များက နှစ်စဉ်ကြိတ်ကြိတ်တိုးစည်ကားမြဲ လမ်းမကြီးများတွင် စည်ကားသကဲ့သို့ ယခုနှစ် အကြိုနေ့တွင် သင်္ကြန်ကား၊ သင်္ကြန်လည်ပတ်သူများ များပြားခြင်းမရှိခဲ့ဟု အကြိုနေ့ ရေကစားထွက်သူများက နှိုင်းယှဉ်ပြောကြား ခဲ့ကြသည်။
မဏ္ဍပ်ကြီးများတည်ရှိရာ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်းများမှ အပ အခြားနေရာ များတွင် သင်္ကြန်ကား၊ သင်္ကြန်ကိုလမ်းလျောက်လည်ပတ်သူများ ယခင်နှစ်များထက်နည်းပါးခဲ့သည်။
TG3
TG4
ကမ္ဘာအေးစေတီလမ်းပေါ်ရှိ X2O မဏ္ဍပ်အား သင်္ကြန်အကြိုနေ့ နေ့လည်၁၂နာရီခန့်က တွေ့မြင်ရစဉ်
ရန်ကုန်သင်္ကြန်အကြိုနေ့မှာ နံနက်ပိုင်းမှစကာ နေ့လည် ၁ နာရီ ၀န်းကျင်အထိ သင်္ကြန်ရေပက်ခံကားများ၊ သင်္ကြန်လည်ပတ်သူများကို ကြိုးတိုးကျဲတဲသာတွေ့မြင်ရပြီး မွန်းလွဲ ၂ နာရီနောက်ပိုင်းမှသာ ဖျော်ဖြေရေးပါဝင် သည့် မဏ္ဍပ်ကြီးများ ရှေ့လာရောက်မှုရှိခဲ့ကြောင်း ရေပက် ခံထွက်သူများကဆိုသည်။
''အကြိုနေ့က မနှစ်ကလောက် မစည်ဘူးလို့ ပြောရတာက မနှစ်က ကန်တော်ကြီးကန်ပတ်လမ်းမှာ မဏ္ဍပ် ၁၆ ခုရှိတယ်။ ပြည်လမ်းမှာလဲ ရှိတယ်။ ကမ္ဘာအေးစေတီလမ်းမှာလဲ အရေအတွက်မနည်းဘူး မဏ္ဍပ်ကြီးတွေ ရှိခဲ့တယ်။ မဏ္ဍပ်များတာတောင်မှ မဏ္ဍပ်တိုင်းရဲ့ရှေ့မှာ အကြိုနေ့ကတည်းက ရေပက်ခံကားတွေ ဖျော်ဖြေရေး လာကြည့်တဲ့သူတွေ လမ်းတောင်ပြည့်လို့ ကားတွေမနည်းသွားရတယ်။ ဒီနှစ် ကန်ပတ်လမ်းမှာ မဏ္ဍပ်က ၇ ခုပဲ ရှိတယ်။ ပြည်လမ်းမှာ ၄ ခုနဲ့ ကမ္ဘာအေးမှာ ၅ ခုပဲရှိတယ်။ မဏ္ဍပ်နည်းသွားတဲ့အတွက် မနှစ်ကအတိုင်းသာ ရေပက်ခံကားတွေလာရင် လမ်းတွေတောင်ကြပ်သွားမှာလေ။ အခုကတော့ မနက်ကဆို ရေပက်ခံကားက ကြိုးတိုးကျဲတဲ၊ ရေပက်ခံလာတာတဲ့သူကလည်း ဟိုတစ်စုဒီ တစ်စုလောက်ပဲ။ ညနေပိုင်းရောက်မှ တွေ့ရတာ။ မဏ္ဍပ်နည်းသွားတာတောင် မဏ္ဍပ်ကြီးတွေရှေ့မှာတောင် အရမ်းကြီး ကားမကြပ်တဲ့အတွက် မနှစ်ကထက် ဒီနှစ်သင်္ကြန် အကြိုနေ့က စည်ကားမှုနည်းခဲ့တယ်လို့ ပြောရတာပါ။ ကန်တော်ကြီး ကန်ပတ်လမ်းကို မနှစ်က အကြိုနေ့ကားနဲ့ ၀င်သွားတာ ၃ နာရီလောက်ကြာမှ တစ်ဖက်ကို ရောက်တယ်။ ဒီနှစ်ကတော့ ကန်ပတ်လမ်းကို ရေပက်ခံထွက်တာ ကားကြပ်တဲ့ ညနေ ပိုင်းအချိန်မှာတောင် ၄၅ မိနစ်က အလွန်ဆုံးပဲ။ ပြောရရင် မဏ္ဍပ်ကြီး တွေရှိတဲ့ နေရာတွေမှာပဲ ရေပက်ခံကား၊ ရေပက်ခံထွက်တဲ့သူနည်းနည်းများပြီး ကျန်တဲ့နေရာတွေတော့ မစည်ကားပါဘူး''ဟု အဆိုပါမဏ္ဍပ် များသို့ ရေပက်ခံထွက်ခဲ့သူတစ် ဦးကဆိုသည်။
TG5
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက် ၁၁နာရီဝန်းကျင်က ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ရေကစားမဏ္ဍပ်များ မြင်ကွင်း
TG6
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက် ၁၁နာရီဝန်းကျင်က ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်းရှိ ဈေးဆိုင်များမြင်ကွင်း
''ကားနဲ့လည်တဲ့သူအများစုကလည်း မဏ္ဍပ်ရှိတဲ့နေရာကိုပဲ စုပြုံပြီးမ၀င်ပဲ ရန်ကုန်မြို့အနှံ့၊ မြို့နယ်လေးတွေကို ပတ်ပြီးလည်ကြတာ။ နောက် အကျနေ့၊ အကြတ်နေ့၊ အတက်နေ့တွေကတော့ စည်မစည် စောင့်ကြည့်ရမှာပါ။ ဒီနေ့အကြိုနေ့ကတော့ မနှစ်ကလောက်မစည်ဘူး'' ဟု ကားဖြင့် ရေပက်ခံထွက်ခဲ့သူ တစ်ဦးကပြောပြခဲ့သည်။

''အကြိုနေ့မတိုင်ခင် မဏ္ဍပ်စီစဉ်သူတွေကို သက်ဆိုင်ရာကကြိုတင် သတိပေးမှုရှိခဲ့တယ်။ လုံခြုံရေး အထူးသတိ ထားဖို့ပါ။ ဒါကြောင့် ကျွန်တော့် မဏ္ဍပ်တစ်ခုတည်းမှာ ပုဂ္ဂလိကလုံခြုံရေး ၂၀ ဦးခေါ်ထား တယ်။ သက်ဆိုင်ရာက လုံခြုံရေး အဖွဲ့ဝင်တွေကလည်း မဏ္ဍပ်ပတ်ဝန်းကျင်မှာ ၃၀ ဦးလောက်ကိုရှိတယ်။ သင်္ကြန်အကြိုနေ့ကတော့ မနှစ်ကလောက် လူအများဘူးပြောရမှာပေါ့။ အစရက်ပဲ ရှိသေးလို့ လူနည်းတာဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မနက်ပိုင်းကတော့ ကားရော လူရော လုံးဝမစည်ဘူး။ ညနေပိုင်းရောက်မှ မဏ္ဍပ်ရှိတဲ့လမ်းမကြီးတွေမှာ ရေပက် ခံကားတွေ ရောက်လာတာ'' ဟု မဏ္ဍပ်စီစဉ်သူတစ်ဦးက ပြောပြခဲ့သည်။
TG7
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၅နာရီဝန်းကျင်က ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်းမြင်ကွင်း
TG8
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၄နာရီဝန်းကျင်က ရန်ကုန်မြို့ ပြည်လမ်း Air Bagan မဏ္ဍပ်ရှေ့ မြင်ကွင်း
TG9
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၃နာရီခွဲဝန်းကျင်က ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်း မြင်ကွင်း
TG101
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၄နာရီဝန်းကျင်က ရန်ကုန်မြို့ ပြည်လမ်း မြင်ကွင်း
ကန်တော်ကြီးကန်ပတ်လမ်းရှိ မဏ္ဍပ်အချို့မှာ အကြိုနေ့ နေ့လည်ပိုင်းအထိ ရေကစားမဏ္ဍပ်လက်မှတ်များ ရောင်းချနေရဆဲဖြစ်ကြောင်း၊ အကြိုနေ့တွင် လာရောက်ရေပက် သူမပြည့်သည့် မဏ္ဍပ်များပင်ရှိခဲ့ကြောင်းလည်း သိရသည်။
အကြိုနေ့ နေပြည်တော်သင်္ကြန်
N1
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်း
N2
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်မဏ္ဍပ်များတွင် ရေကစားသူများဖြင့် စည်ကားနေစဉ်

၂၀၁၁ခုနှစ် နေပြည်တော်မဟာ သင်္ကြန်အကြိုနေ့တွင် ဟိုတယ်ဇုန်များရှိ ရေကစားမဏ္ဍပ်များဖွင့်ပွဲ ကျင်းပခဲ့ ကြောင်း သတင်းရရှိသည်။

နေပြည်တော်မြို့တော်ဝင်ရေ ကစားမဏ္ဍပ်သည် ဧပြီလ(၁၃)ရက် ညနေ ၅ နာရီတွင်ဖွင့်လှစ်ခဲ့ကြောင်း၊ နေပြည်တော်မဟာသင်္ကြန် အကြိုနေ့တွင် ဖွင့်လှစ်ခဲ့သောဟိုတယ် ရေကစားမဏ္ဍပ်များမှာ ဟိုတယ်ရွှေ ပြည်တော်၊ အိုအေစစ်၊ အမရာ၊ ရိုင်ရယ်ကုမုဒြာ၊ ရွှေမြန်မာ၊ မြတ်တော်ဝင်၊ ရွှေနန်းတော်တို့ဖြစ်ကြောင်းသိရှိ ရသည်။
နေပြည်တော် မဟာသင်္ကြန် အကြိုနေ့မှာ ယခင်နှစ်ကကဲ့သို့ပင် ရေပက်ခံထွက်သူများ၊ ရေပက်ကစားသူများဖြင့် စည်ကားခဲ့ကြောင်း၊ အစည်ကားဆုံးနေရာမှာ နေပြည်တော် ဟိုတယ်ဇုန်တွင်ဖြစ်ပြီး ဟိုတယ်ရေကစားမဏ္ဍပ် များတွင် လူစည်ကားမှုအများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ နေပြည်တော်မဟာသင်္ကြန်အကြိုနေ့တွင် ဟိုတယ်ဇုန် ရာဇသင်္ဂဟလမ်းမကြီးပေါ်ရှိ ရေကစား မဏ္ဍပ်များကို ၂၀၁၁ခုနှစ် ဧပြီ (၁၃) ရက် နံနက် (ဂ)နာရီတွင် ရေကစားမဏ္ဍပ်များ စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းအခမ်း အနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေးအောင်၊ လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်ဇော်နှင့် နေပြည်တော် ကောင်စီ ၀င်များ ဖြစ်ကြသော ဦးကံချွန်နှင့် အခြားတာဝန်ရှိ သူများတက်ရောက်ဖွင့်လှစ်ခဲ့ကြကြောင်း သိရှိရသည်။
အကြိုနေ့တည်းက စည်ကားတဲ့ မန္တလေးသင်္ကြန်
M1
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်း
M2
ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့က မန္တလေးမြို့ မြင်ကွင်း
ယခုနှစ်သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့၌ အကြိုနေ့မှစတင်ကာ ရေကစားလည်ပတ်သူများနှင့် စည်ကားလျက်ရှိပြီး သင်္ကြန်တွင်းကာလ အဓိကအစည်ကားဆုံးနေရာဖြစ်သော ကျုံးမြို့ရိုးပတ်လည်တွင် သင်္ကြန်အကြိုနေ့ မတိုင်မီ ညနေပိုင်းများ မှစတင်ကာ ရေကစားသောလူငယ်များနှင့် စည်ကားကြောင်း တွေ့ရှိရသည်။

''ဒီနှစ်သင်္ကြန်ကျုံးပတ်လည်မှာ သင်္ကြန်မတိုင်ခင် ၂ ရက်လိုညတွေကတည်းက စည်ကားနေတယ်။ လူငယ်အများ စုက ညပိုင်းဆိုရင် ကျုံးဘေးမှာ သီချင်းတွေအကျယ်ကြီးဖွင့် ကခုန်ပြီးရေကစားကြတဲ့အပြင် လာရောက်ကြည့်ရှု ကြ သူတွေလည်းရှိတယ်။ မန္တလေးမှာက ရှေးယခင်အဆက်ဆက် သင်္ကြန်အကြိုနေ့ရေကစားတဲ့ ထုံးစံမရှိဘူး။ တစ်ယောက်တစ်လေ ရေကစားရင်တောင်မှ လူကြီးသူမတွေက ဆုံးမကြတယ်။ အခုတော့ ကျုံးဘေး သင်္ကြန် မဏ္ဍပ်တွေကစပြီး အကြို မတိုင်ခင် ၂ ရက်လောက်ကတည်းက မော်တာစမ်းတာဆိုကာ ညပိုင်းမှာ လာသမျှလူရေပက်ကြတယ်။ တားမယ့် ဆီးမယ့်သူလည်းမရှိ။ တကယ်တော့ သင်္ကြန်အကြိုနေ့မှာ မြို့ တော်ဝန်သင်္ကြန် မဏ္ဍပ်ဖွင့်ပွဲပြီးမှ ကျုံးပတ်လည်မှာရှိတဲ့ ကျန်တဲ့မဏ္ဍပ် တွေကရေစကစားကြတော့ နောက်ရက် သင်္ကြန်အကျနေ့မှ ရေပတ်ခံထွက်တဲ့ သူတွေ လာလည်ကြတာ များတယ်။ ရေပတ်ခံကားတွေအနေနဲ့လည်း အကြိုနေ့ညနေ ပိုင်းမှ မဟာမုနိဘုရားကြီးကို ဦးတိုက်ပြီး နောက်နေ့မှစလည်လေ့ရှိပေမယ့် ဒီ နှစ်ရေပတ်ခံကားတွေက ဘုရားကြီး ကိုမနက်ပိုင်းဦးတိုက်ပြီး မန္တလေးမြို့ အနီးဝန်းကျင်မှာ ရှိတဲ့ နေရာတွေကို သွားလည်ပတ်တဲ့ကားတွေများ လာတာ တွေ့ရတယ်''ဟု မန္တလေး မြို့ခံတစ်ဦးကဆိုသည်။
သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ကျုံးမြောက်ဘက်ရှိ မြန်မာဘရုဝါကုမ္ပဏီမဏ္ဍပ် အိုင်စီတီး ၀ိုင်းရှေ့တွင်လည်း ရေကစားသူ လူငယ်များဖြင့် ပြည့်ကျပ်လျက်ရှိကြောင်း တွေ့ရသည်။ အလားတူ ကျုံးတောင်ဘက်ရှိ အယ်ပိုင်း ရေကစားမဏ္ဍပ်၊ ဒိုမီနီု ရေကစားမဏ္ဍပ်များလည်း အကြိုနေ့နံနက်ပိုင်းမှ စတင်ပြီးရေကစား လျက်ရှိကြောင်း သိရှိရသည်။ NGO အဖွဲ့အစည်းများ ပူးပေါင်းကာ ၂၇လမ်း ၆၈ လမ်းနှင့် ၆၉ လမ်းကြားနေရာတွင် စတုဒီသာ ကျွေးမွေးပြီး HIV ပညာပေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း တွေ့ရှိရသည်။
Source:news-eleven
မေမေ့သား

Tuesday, April 12, 2011

ဘာထရန်ရပ်ဆယ် (ကမ္ဘာသူ၊ ကမ္ဘာသား ပညာရေး)

လူ့သမိုင်းဖြစ်စဉ်ကို ပြန်ကြည့်မည်ဆိုလျှင် လူသားတို့သည် ပဋိပက္ခ အမျိုးမျိုးအား ရင်ဆိုင်ဖြေရှင်း လာခဲ့သည်ကို တွေ့ရပါ မည်။ လူသားနှင့် သဘာဝတရား၏ ပဋိပက္ခ၊ လူသားအချင်းချင်း ဖြစ်သော ပဋိပက္ခ၊ လူသားတစ်ဦး အနေဖြင့် အဇ္ဈတ္တ အတွင်း စိတ်ချင်းဖြစ်သော ပဋိပက္ခတို့ပင် ဖြစ်ပါသည်။
Bertrand Russel (1872-1970)
Bertrand Russel (1872-1970)
လူသား တစ်ဦးချင်းစီ အနေဖြင့် သော်လည်းကောင်း၊ မိမိတို့၏ အသိပညာ၊ အတတ်ပညာများအလျောက် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကို ဖြေရှင်း ကျော်လွှားခဲ့သည်ကို တွေ့ရပါမည်။ သို့ရာတွင် လူ့သမိုင်းသည် ပြီးပြည့်စုံသော ငြိမ်းချမ်းသာယာမှု ပန်းတိုင်ဆီသို့ မရောက်ရှိသေးပေ။ သဘာဝတရားနှင့်လည်း ခိုက်ရန် ဖြစ်ပွားဆဲ၊ မျိုးနွယ်စု သတ်ဖြတ်ပွဲများ၊ လူမဆန်သော ဖိနှိပ်ချုပ်ချယ်မှုများ၊ ကမ္ဘာလောက၏ မသေချာ မရေရာမှုများအပေါ် ပြင်းစွာသော စိတ်သောက ရောက်မှုများမှာလည်း အဆုံး မသတ်သေးပေ။ ဤနေရာတွင် အသိပညာ၏ အခန်းကဏ္ဌကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါသည်။ အသိပညာသည် လူ့အဖွဲ့အစည်းအတွင်း လူမှုဒုက္ခ အဝဝကို ဖြေရှင်းနိုင်ရန်အတွက် အဓိကကျသော ထွက်ပေါက်တစ်ခု ဖြစ်ပါသည်။ အသိပညာသည် သဘာဝ အင်အားစုများ၏ လွှမ်းမိုးချုပ်ကိုင်မှုမှ လွတ်မြောက်စေရုံမျှမက ချစ်ခြင်း၊ မုန်းခြင်း ၊ ဒေါသဖြစ်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း စသည့် ပြင်းပြသော ဝေဒနာဆိုးများကိုလည်း ချေဖျက်နိုင်ပါသည်။ ယင်းအသိပညာဖြင့်သာ ကျွန်ုပ်တို့၏ မျှော်လင့်ချက ကမ္ဘာကို တည်ဆောက်နိုင်မည် ဖြစ်လေသည်။ ဤသည်မှာ ဘာထရန်ရပ်ဆယ်၏ New Hopes for a Changing World မှ အတွေးအမြင် တချို့ ဖြစ်သည်။ ဘာထရန်ရပ်ဆယ်ကို ကျွန်ုပ်တို့ စာဖတ်ပရိသတ်နှင့် အထူးတလည် မိတ်ဆက်ပေးစရာ လိုအပ်မည် မထင်ပါ။ ရပ်ဆယ်သည် ဒဿနပညာရှင် စာရေးဆရာ တစ်ယောက် ဖြစ်လေသည်။ လူမှုရေး၊ ပညာရေး၊ ကိုယ်ကျင့်တရား၊ နိုင်ငံရေး ၊ အတွေးအခေါ် ပညာ စသည့် ဝိဇ္ဇာပညာရပ်များကိုသာမက သင်္ချာ၊ ရူပဗေဒ စသည့် သိပ္ပံပညာ ရပ်များကိုပါ နှံ့စပ် ကျွမ်းကျင်သော စွယ်စုံရ ပညာရှင်ကြီး ဖြစ်လေသည်။ သူ၏မွေးရပ် အင်္ဂလန်ကျွန်းကလေးကို ကျော်လွန်၍ အမေရိက၊ အရှေ့ဥရောပနှင့် တရုတ်၊ အိန္ဒိယတို့တွင်ပါ သူ၏အမည်မှာ ထင်ရှား ကျော်ကြား လေသည်။ ရပ်ဆယ်သည် ငြိမ်းချမ်းရေး မြတ်နိုးသော စစ် ဆန့်ကျင်ရေးသမား ပြုစုနေရင်း အခြားတစ်ဖက်က စစ်ဆန့်ကျင်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့လေသည်။ ဖက်ဆစ်နာဇီများ နှင့် ဗီယက်နမ် ကျူးကျော် စစ်ဆန့်ကျင်ရေး၌ ပညာရှင်များ အသိုင်းအဝိုင်းတွင် ထင်ရှားလေသည်။
သူ၏အဘိုး Lorol John Russell မှာ ထင်ရှားသော လစ်ဘရယ် ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ခဲ့သည်။ ကုန်သွယ်ရေး လွတ်လပ်မှု၊ ပညာရေး လွတ်လပ်မှု၊ ဂျူးအမျိုးသား လွတ်လပ်ရေး တို့အတွက် အရေးဆိုခဲ့သူ ဖြစ်သည်။ နယ်ပယ် အသီးသီးကိုလည်း အရင်းအမြစ်မှစ၍ ပြုပြင် ပြောင်းလဲလိုသူ ဖြစ်သည်။ ရပ်ဆယ်၏ဖခင် (Viscount Amberley) မှာ ဆင်ခြင်းခြင်း ဝါဒီ (retionalist ) တစ်ယောက် ဖြစ်သည်။ ဘာထရန်ရပ်ဆယ်ကိုလည်း J.S Mill ၏ အတွေးအခေါ်များကို လေ့လာ သင်ကြားရန် တိုက်တွန်း ခဲ့လေသည်။ သည့်အတွက်ပင်လျှင် ရပ်ဆယ်၏ အတွေးအခေါ်များတွင် လူသားဝါဒ ၊ လွတ်လပ်မှု အယူအဆများ၏ လွှမ်းမိုးမှုများကို တွေ့ရှိနိုင်ပါသည်။
ရပ်ဆယ်၏ လူသားဝါဒတွင် လူ၏ ဂုဏ်သိက္ခ (human dignity )၊ သနားကြင်နာမှု (Mercy) နှင့် လူမှုရေး ညီမျှမှု (Social justic ) တို့ ပါဝင်ပါသည်။ အထူးသဖြင့် လွတ်လပ်သော ပုဂ္ဂလလူသား အယူအဆကို ဖော်ထုတ် ခဲ့လေသည်။ သူ၏ Road to freedom (1918), How to be free and Happy (1924),On Education (1926), Marriage and Morals (1929) တို့တွင် လူသား၏ ကာယ၊ စိတ္တ လွတ်လပ်မှု အယူအဆများနှင့် ပတ်သက်၍ ရှင်းလင်းစွာ ဖွင့်ဆိုခဲ့လေသည်။ ဤစာတမ်းတွင်မူ ရပ်ဆယ်၏ လွတ်လပ် ပွင့်လင်းသော ပညာရေး အယူအဆကို အဓိကတင်ပြရန် ရည်ရွယ်ပါသည်။
လူတို့သည် ပညာသင်ကြားရေးနှင့် ပတ်သက်ပြီး ရည်ရွယ်ချက်များ ထားရှိကြလေသည်။ သူတို့၏ လူမှုလက္ခဏ အမြင်များအလိုက် လိုလားအပ်သော ပညာရေး ရည်မှန်းချက်များလည်း တစ်ခုနှစ်တစ်ခု အမြင်ကွဲပြား ကြပါသည်။ နိုင်ငံတော်သည် အမျိုးသား အကျိုးစီးပွားနှင့် အချုပ်အခြာ အာဏာအတွက် တာဝန်ထမ်းဆောင်ရန် ၊ အစိုးရအဖွဲ့ တည်ရှိမှုအတွက် အထောက်အပံ့ပေးရန် ကလေးသူငယ်များကို ပညာ ပေးကြသည်။ အလယ်ခေတ် ပုပ်ရဟန်းတို့ကလည်း သူတို့၏ လုပ်ပိုင်ခွင့် အာဏာကို မြှင့်တင်ရန်အတွက် ဘာသာရေး ကျမ်းဂန်များကို သင်ကြားပေးရန် အလိုရှိကြသည်။ ငြိမ်းချမ်းရေး လိုလားသူများက စစ်သားကောင်း ဖြစ်ရေးအတွက် ပညာပေးခြင်းမျိုးကို ဆန့်ကျင်ကြသည်။ ထို့အတူ ကွန်မြူနစ် (Communist) များနှင့် ပုဂ္ဂလ လူသားဝါဒီများ (individualists) ၏ ပညာရေးအမြင်များမှာလည်း ကွဲပြားခြားနား နေကြပါသည်။
ရပ်ဆယ်ကမူ နိုင်ငံရေး၊ ဘာသာရေး၊ ကျင့်ဝတ်စသည့် ပညာရေးနယ်ပယ်နှင့် ပတ်သက်၍ အယူအဆ တစ်မျိုးတည်းအား လေ့ကျင့် သင်ကြားပေးခြင်းကို ဆန့်ကျင်ခဲ့သည်။ စံနှုန်း တစ်ခုတည်းကိုသာ လေ့ကျင့် သင်ကြားပေးခြင်းသည် ဆိုးဝါးသော အကျိုးသက်ရောက်မှုများကိုသာ ဖြစ်စေ နိုင်သည်ဟု ရပ်ဆယ်က ရှုမြင်ခဲ့သည်။ ဥပမာ ဘောဂဗေဒ (Economy) ကို လေ့လာ သင်ယူနေသော လူတစ်ယောက်သည် ပုဂ္ဂလဝါဒီမျာ(individualists) ၊ ဆိုရှယ်လစ်များ (Socialists) ၊ တံခါးပိတ် စီးပွားရေးဝါဒီများ (protectionists) ၊ လွတ်လပ်သော ကုန်သည် စီးပွားသမားများ (Free traders) စသည်ဖြင့် ၎င်းတို့၏ အယူအဆ အမျိုးမျိုးကို လေ့လာကြားနာ သင့်လေသည်။ အခြားသော စာအုပ် စာတမ်းများကိုလည်း ဖတ်ရှု လေ့လာရန် အားပေးရပါမည်။ ရာဇဝင်ပညာ (History) ကို သင်ယူရာတွင်လည်း မိမိတိုင်းပြည်၏ ရှုထောင့် အမြင်သာမက အခြား အခြားသော တိုင်းနိုင်ငံတို့၏ အမြင်များကိုပါ အသိအမှတ် ပြုရပေမည်။ အဘယ်ကြောင့် ဆိုသော် လူမျိုးတစ်မျိုး သို့မဟုတ် တိုင်းနိုင်ငံတစ်ခု၏ ယုံကြည် ယူဆချက်သည် အခြား မည်သည့်လူမျိုး၊ မည်သည့် နိုင်ငံတိုင်းနှင့်မျှ ထပ်တူ မညီနိုင် သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ရာဇဝင် ပညာသာမက အခြား မည်သည့် ဘာသာရပ်ကိုမဆို ဓမ္မဓိဠာန်ကျကျ လေ့လာ သိရှိနိုင်ရန် စာသင်သားများကို လွတ်လပ်သည့် ထင်မြင်ယူဆခွင့် (Free speculation) ပေးရမည် ဖြစ်လေသည်။
ရပ်ဆယ်၏ ပညာသင်ကြားရေး ရည်မှန်းချက်များမှာ ရည်မွန် ယဉ်ကျေးသော လူသားများ ဖြစ်မြောက်ရေးပင် ဖြစ်သည်။ ရည်မွန် ယဉ်ကျေးသူသည် မှန်သည်ထင်သော အရာများတွင် လူအများက မထောက်ခံသည် တိုင်အောင် လုပ်ရဲကိုင်ရဲ ရှိလာသည်။ မတရားသော လူမှုရေး၊ စီးပွားရေး စနစ်များအကြောင်း ကောင်းကောင်းသိပြီး တိုက် ဖျက်တွန်းလှန်လို စိတ်လည်း ရှိသည်။ လူသားများအပေါ် အကြင်နာမေတ္တာ ထားနိုင်စွမ်းလည်း ရှိသည်ဟု ရပ်ဆယ်က ဆိုပါသည်။ ရပ်ဆယ်၏ အလိုအရ လူဆန်သော လူတစ်ယောက် ဖြစ်လာစေရေး အတွက် အသိဉာဏ်ပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကောင်းမြတ်မှုတို့ လိုအပ်ပါသည်။
အသိပညာကို ယေဘူယျနှစ်ပိုင်း ခွဲခြားပြီး အချက်အလက်များနှင့် ဆိုင်သော သုတပညာ (Information Knowledge ) နှင့် ဉာဏ်အမြော်အမြင်နှင့် ဆိုင်သော ဉာဏ်ပညာ (Intellectual Knowledge ) ဟူ၍ သတ်မှတ်ထားပါသည်။ အချက်အလက်များနှင့် ဆိုင်သော အသိပညာ ဆိုသည်မှာ အခြေခံ အရေးအဖတ် ဘာသာ စကားမှအစ စိုက်ပျိုးမွေးမြူရေးပညာ၊ သိပ္ပံပညာ၊ ဗိသုကာပညာ၊ ဆေးပညာနှင့် အခြား အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဆိုလိုပါသည်။ ဉာဏ်အမြော်အမြင်နှင့် သက်ဆိုင်သော အသိပညာ ဆိုသည်မှာ စူးစမ်း လေ့လာမှု စိတ်ဓာတ် ဖြစ်သည်ဟု ရပ်ဆယ်က ဆိုပါသည်။ ဤကဏ္ဍတွင် စဉ်းစားတွေးခေါ်တတ်မှု၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မှု၊ တန်ဖိုး ဆုံးဖြတ်ချက်များ ချမှတ် ဆောင်ရွက်နိုင်မှုအထိ ကျယ်ကျယ် ပြန့်ပြန့် ပါဝင်ပါသည်။ ရပ်ဆယ်၏ အလိုအရ လူသားသည် အသိပညာ ရရှိရန်အတွက် မိမိ၏ ရှင်သန်နိုးကြားမှု အလျောက် စူးစမ်းရှာဖွေစိတ် ရှိရပါမည်။ မိမိကိုယ်တိုင်ရော ၊ အခြား ပုဂ္ဂိုလ်များကိုပါ လူမှုရေးအရဖြစ်စေ၊ အသိပညာ ရရာရကြောင်း အတွက်ဖြစ်စေ၊ အခြားခြားသော အကြောင်းကြောင်းတွေ ကြောင့်ဖြစ်စေ ရိုသေ လေးစားမှုနှင့် စာနာကရုဏထားမှု ရှိရမည် ဖြစ်သည်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိလာသည့် လူသားသည် အသိပညာရရှိရန် လွယ်ကူလာပါမည်။ ရရှိပြီးသား အသိပညာနှင့်လည်း မိမိဘဝကိုရော လောက တစ်ဝှမ်းလုံးကိုပါ ပြောင်းလဲပစ်ရန် ရည်ရွယ်လာပါ လိမ့်မည်။ သို့မှသာ စစ်မှန်သော လူသား၏ အဓိပ္ပာယ်ရှိမှုကို အောင်မြင်စွာ ဖော်ဆောင် လာနိုင်လိမ့်မည် ဖြစ်လေသည်။
ကျင့်ဝတ်ဆိုင်ရာ ပညာရေး (Moral education) တွင် မှန်ကန်မှု (Truthfulness) သည် အရေးကြီးသော သော့ချက်တစ်ခု ဖြစ်ပါသည်။ မှန်ကန်မှုဆိုရာ၌ ပြောဆို ဆက်ဆံရေး၌ သာမက အတွေးအကြံနှင့် အပြုအမူများပါ မှန်ကန်စေရန် လိုအပ်ပါသည်။ တစ်ဖက်ကလည်း ကလေးသူငယ်များအား ကြောက်ရွံ့ထိန့်လန့်မှု ကင်းစေပြီး အမှန်တရားကို သိမြင်စေရန် အတွက် ပြုစုပျိုးထောင်သွားရပါမည်။ ရှေ့၌ဆိုခဲ့သည့် လူသားဂုဏ်သိက္ခာ၊ သနားကြင်နာမှု၊ လူမှုရေးညီိမျှမှုများ တိုးတက် ထွန်းကားလာစေရန်မှာ ကိုယ်ကျင့် တရားဆိုင်ရာ ပညာပေးမှုနှင့် ပတ်သက် နေပါသည်။ မိမိ အယူအဆနှင့် အပြုအမူများသာ ထာဝရမှန်ကန်သည် ဆိုသော အစွန်းရောက် အမြင်မျိုးကိုလည်း ရှောင်ရှားတတ်စေရန် လေ့ကျင့် ပေးရပါမည်။ ကိုယ်ချင်း မစာနာသော (Uncharitable)၊ သည်းမခံနိုင်သော (intolerant) ၊ ရက်စက် ယုတ်မာသော (cruel )၊ ရန်လိုသော belligerent (bellicose) အပြုအမူများကို လူ့အဖွဲ့အစည်း၏ မလိုလားအပ်သော အရာများအဖြစ် တားမြစ်ရပါမည်။ ဤလူမဆန်သော ၊ မလိုလားအပ်သော အပြုအမူများကို ပြေပျောက် စေရန်မှာလည်း သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတို့၏ ပညာပေးမှု အစီအစဉ်နှင့် ပတ်သက်နေသည်ဟု ရပ်ဆယ်က ဆိုပါသည်။
ဘာထရန်ရပ်ဆယ်၏ အလိုအရ တင်းကျပ်သည့် နိုင်ငံရေးစည်းမျဉ်း(Regimentation) နှင့် ပညာ ရေးအာဏာပိုင်မှု (Educational authorities) တို့ကို ကလေးသူငယ်များအား ပြုစုပျိုးထောင်ရာ၌ ရှောင်ကြဉ်ရပါမည်။ နေရာတကာတွင် အများယူဆသလို ကလေးသူငယ်များအား စည်းကမ်း သတ်မှတ်ပြီး ချုပ်ချယ်ရန် မလိုပေ။ ကလေးများအား အတင်းဖိနှိပ်ပြီး နှိမ်သည့် သဘောဖြင့် ရိုသေကျိုးနွံအောင် လုပ်ခြင်းသည် ကလေး၏ စိတ်ထဲတွင် အမုန်းစိတ်ကိုသာ ပွားများစေနိုင်ပါ ဖြစ်သည်။ သို့ရာတွင် ဤသို့ ပေါ်ပေါက်လာသော အမုန်းစိတ်ကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် မရပြန်ရကား ယင်းစိတ်သည် ရင်ထဲမှာပင် ကြိတ်မှိတ် ခံစားနေရပါက တဖြည်းဖြည်း ခိုင်မာ လာပါမည်။ ထိုအခါ ကလေးသူငယ်၏ ကျန်ရှိသော ဘဝခရီး တစ်လျှောက်လုံးတွင် ထူးဆန်းသော အဖျက်အဆီးများ ဖြစ်လာ တတ်လေသည်။
သူ၏ (Education and Ciyilization ) စာတမ်းတွင် အကြွင်းမဲ့လုပ်ပိုင်ခွင့် အာဏာ ပိုင်ဆိုင်မှု၏ ဆိုးပြစ်များကို ထောက်ပြစေရန် ဝေဖန်ထားလေသည်။ အကြွင်းမဲ့ လုပ်ပိုင်ခွင့် အာဏာသည် ဆရာတပည့် နှစ်ဦးနှစ်ဖက်စလုံး အတွက် ဆိုးဝါးစေ နိုင်ပါသည်။ ဆရာများသည် စိတ်ဓာတ်နှင့် ကိုယ်ကျင့် စရဏတရားများ ပျက်ပြားပြီး အာဏာကို အလွဲသုံးစား လုပ်တတ်သော အုပ်ချုပ်သူများ ဖြစ်လာနိုင်ပါသည်။ ထို့အတူ တပည့်များသည်လည်း ပုန်ကန်ထကြွမှု (rebellious) သို့မဟုတ် ခေါင်းငုံ့နာခံမှု (Submissive) စသည့် အစွန်း နှစ်ဖက်သို့ ချဉ်းကပ် သက်ရောက် နိုင်ပါသည်။ ထိုအခါ စာသင်သားများသည် မည်သည့် အကြွင်းမဲ့ အာဏာကိုမဆို ဆန့်ကျင်လိုသော ဆန္ဒများ ပေါ်ပေါက် လာနိုင်ပါသည်။ တစ်ဖက်ကလည်း ခေါင်းငုံ့နာခံ တတ်မှုကြောင့် သူတို့၏ တီထွင်ရှေ့ဆောင်သော ဉာဏ်ရည်ဉာဏ်သွေးအားလုံး (all sense of initiative) ဆုံးရှုံးပျက်စီး စေနိုင်ပါသည်ဟု ရပ်ဆယ်က ဆိုထားပါသည်။
ဘာထရန်ရပ်ဆယ်သည် ပညာရေးပါရဂူ မဒမ်မွန်တက်ဆိုရီ (Montessori) ကဲ့သို့ပင် ပညာသင်ကြားရာ၌ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကိုပါ ထည့်သွင်း စဉ်းစားခဲ့သည်။ ကလေးသူငယ်များ၏ စိတ်၌ အပြစ်ရှိသည် ၊ ရှက်ဖွယ်ရာဖြစ်သည်၊ ကြောက်မက်ဖွယ်ရာ ဖြစ်သည်ဟူသော အရာများ လွှမ်းမိုးမှုမရှိသင့်ဟု ရပ်ဆယ်က ယူဆပါသည်။ ကလေးသူငယ်များသည် အလိုအလျောက် ပျော်ပျော်ရွှင်ရွှင် မြူးမြူးထူးထူး ရှိရမည်။ ကလေးသူငယ်များ၏ စိတ်လှုပ်ရှား ထကြွမှုကို ကြောက်ရွံ့သည့် စိတ်မဝင်စားစေရန်၊ သဘာဝ အကြောင်း အချက်များနှင့် ပတ်သက်သော စူးစမ်း ရှာဖွေမှုများမှ တွန့်ဆုတ်သွားခြင်း မဖြစ်ပေါ်စေရန် အရေးကြီးလေသည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပညာပေးရာတွင် ကလေးသူငယ် များအား အမြော်အမြင်ရင့်သန်၍ ရိုးသားဖြောင့်မတ်သူများ၊ လူမှုရေးအရ အကြောင်းတရား ကင်းမဲ့သူများ၊ အလုပ်လုပ်ကိုင်ရာ၌ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သူများ၊ အတွေးအခေါ်များအားဖြင့် နက်နဲသိမ်မွေ့၍ သည်းခံတတ်သော စိတ်ထားဖြင့် ပြည့်ဝသည့် တော်တည့်ဖြောင့်မှန်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်လာစေရန် ပြုစုပျိုးထောင် ပေးရပါမည်။
ကလေးသူငယ်များအား ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ပေးခြင်းမျိုးကို မည်သို့သော အခြေအနေမျိုးမှာပင် ဖြစ်စေ လိုလားအပ်သည်ဟု မယုံကြည်ပေ။ ̒ အချိန်တိုင်းမှာ ကလေးကို လက်နဲ့ တဖုတ်ဖုတ် ရိုက်နေတဲ့အတွက် က လေးရဲ့စိတ်ထဲမှာ အင်မတန် ရှုပ်ထွေးပွေလိမ် ဆူပွတ်လာတဲ့ ခံစားမှုမျိုး အုံကြွဖြစ်ပေါ် လာနိုင်ပါတယ်။ သို့သော်လည်း အလွန်အကျွံ လွတ်လပ်ခွင့် ပေးရမယ်လို့လည်း မဆိုလိုပါဘူး။ တစ်ခါတစ်ခါ လွတ်လပ်ခွင့် အပြည့်အဝပေးလို့ မရတာမျိုးလည်း ရှိပါတယ်။ တစ်ခုခုကို မတတ်တတ်အောင် သင်ပေးတဲ့အခါမျိုးပေါ့ ̓ ဟု ကျယ်ပြန့်သော အမြင်ဖြင့် သုံးသပ် ထားပါသည်။
လွတ်လပ်မှုသည် ပညာရေး၏ အခြားအရာများ (ပညာရေး ရည်မှန်းချက်၊ သင်ရိုးညွန်းတမ်းနှင့်အလားအလာ) (education aim , its curriculum and is possibilities) နည်းတူ အရေးကြီး လေသည်။ အထူးသဖြင့် လွတ်လပ်သော ထင်မြင် ယူဆပိုင်ခွင့်သည် ပညာရေး၏ မရှိမဖြစ် လိုအပ်သော ကိရိယာ တစ်ခု ဖြစ်သည်။ ယခုခေတ်သစ် ကမ္ဘာတွင်မူ အစွန်းရောက် ကန့်သတ်ချုပ်ချယ်မှုများ နည်းပါးသွားပြီး ဖြစ်သော်လည်း ရပ်ဆယ်တို့ ကာလတွင်မူ ပညာရေး လွတ်လပ်မှုသည် အတိုက်အခံ များသော အယူအဆ ဖြစ်ခဲ့သည်။ အင်္ဂလန်နိုင်ငံ၌ပင် အင်္ဂလိပ်တို့သည် နပိုလီယံကို တွန်းလှန် တိုက်ခိုက်သော ဝါတာလူးစစ်ပွဲကို အီတန်ကျောင်း၏ ကစားကွင်းထဲတွင် အနိုင်ရရှိသည်ဟု မော်ကြွားနေဆဲ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် အီတန် စာသင်ခန်းများတွင် ပြင်သစ် ဆန့်ကျင်ရေး စိတ်ဓာတ်ကို ခိုင်မာစေရန် သွေးထိုး ညွန်ကြားခဲ့ သောကြောင့် ဖြစ်လေသည်။
သူကိုယ်တိုင် တည်ထောင်ခဲ့သော Bacon Hill-1926 ကျောင်း၌ သူ၏ ပညာရေးစံနှုန်းများကို လက်တွေ့ အကောင်အထည် ဖော်ခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ ပညာရှာမှီးခြင်းဖြင့် တန်ဖိုးရှိပြီး ခိုက်မြဲသော ပညာရေးကို ရရှိနိုင်ပါသည်။ ရပ်ဆယ်၏ကျောင်းတွင် အသိပညာ၊ ကိုယ်ကျင့်တရားကိုသာမက ကိုယ်ကာယ ကျမ်းမာသန် စွမ်းစေရန်လည်း လေ့ကျင့် ပေးလေသည်။ သို့ရာတွင် လူငယ်များကို ကာယသတ္တိ မွေးပေးခြင်းမှာ ဖက်ပြိုင်လိုသော စိတ်ဓာတ် ပေါ်ပေါက်စေရန် မဟုတ်ဘဲ အဝိဉာဏက အင်အားစုများနှင့် ရင်ဆိုင်ရသော အခါ ကြံ့ကြံ့ခိုင်နိုင်ရန် အတွက်သာ ဖြစ်သည်ဟု ဆိုပါသည်။ တစ်ယောက်နှင့်တစ်ယောက် ဖက်ပြိုင်ခြင်းအားဖြင့် ကာယ သတ္တိ ရှိလာအောင် မလုပ်ရာ။ ထို့ကြောင့် ရပ်ဆယ်က ဘောလုံး ကန်ခြင်းမျိုးမှ ရရှိသော သတ္တိမျိုးထက် ခြေလျင်တောင်တက် ခြင်းမှရရှိသော ကာယ သတ္တိမျိုးကို ပို၍ နှစ်ခြိုက် လေသည်။
ရပ်ဆယ်၏ အလိုအရ သိလိုစိတ် (curiusity) ၊ ပွင့်လင်းစိတ် (open mindedness) ၊ ယုံကြည်မှု (belief) ၊ စိတ်ရှည်သည်းခံခြင်း (patience) ၊ လုံ့လဝီရိယရှိခြင်း (industry)၊ အာရုံစူးစိုက်ခြင်း(concentration) ၊ တိကျမှု (exactness) စသည်တို့သည် ပညာရေး ယန္တရား လည်ပတ်မှုအတွက် လိုအပ်သော ကိရိယာ တန်ဆာ ပလာများ ဖြစ်သည်။ စစ်မှန်သော အသိပညာကို ရှာဖွေရာတွင် သိလိုစိတ်ပြင်းပြမှုသည် အခြေခံကျသော အချက် ဖြစ်ပါသည်။ ကလေးသူငယ်များသည် လူကြီးများကို ရွံ့မုန်းခြင်းမှာ သူတို့၏ သိလိုသောအရာများကို ကျေလည်အောင် အဖြေ မပေးနိုင်ကြသော ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ရပ်ဆယ်က ကလေးသူငယ်တို့၏ လေ့လာ စူးစမ်းလိုမှုကို လမ်းဖွင့်ပေးရမည်ဟု ဆိုပါသည်။ မည်သည့် မေးခွန်းမျိုးကို မဆို မေးမြန်း စိစစ်နိုင်ရန် အားပေးရပါမည်။ လွတ်လပ် ပွင့်လင်းစွာ သင်ယူနိုင်မှသာလျှင် တန်ဖိုးရှိသော အရာများကို ရရှိနိုင်မည် ဖြစ်လေသည်။ အထူးသဖြင့် ကလေးသူငယ်တို့၏ စိတ်လွတ်လပ်မှုကို အသိအမှတ် ပြုရပါမည်။ အဘယ်ကြောင့်ဆိုသော် စိတ်ကူးလွတ်လပ်မှု (freedom of thought ) မရှိဘဲနှင့် အလုပ်လွတ်လပ်မှု (freedom of action ) မရှိနိုင်သောကြောင့် ဖြစ်လေသည်။ လွတ်လပ်ပွင့်လင်းစိတ်ကို ချေဖျက်ခြင်းသည် လူတစ်ဦးချင်းစီအတွက်ရော လူ့အဖွဲ့အစည်း အတွက်ပါ တိုးတက် ဖွံ့ဖြိုးမှုလမ်းစများ ပျက်စီးစေနိုင်ပါသည်။
ထို့ကြောင့် အထက်တွင် ရပ်ဆယ် ဝေဖန်ခဲ့သည့် ဆိုးရွား တင်းကြပ်သော ပညာရေး စနစ်များကို ဖယ်ရှား ပစ်ရပါမည်။ လူငယ်တို့၏ အသိပညာ ကြွယ်ဝမှုနှင့် ကိုယ်ကျင့်တရား ကောင်းမြတ်မှု စသည့် သဘောထားများ ပြည့်စုံအောင်မြင် စေရန်အတွက် မည်သည့် အတားအဆီးကိုမဆို ဖယ်ရှားဝံ့သော သတ္တိများအား မွေးဖွား ပေးရပါမည်။ လူသား၏ အနာဂတ်ဖြစ်နိုင်ခြေ အလားအလာများကိုပါ ထည့်သွင်း ပညာပေးခြင်းဖြင့် ပညာရေး အစီအစဉ်၏ ပြည့်ဝသော အောင်မြင်မှုများကို ရရှိနိုင်မည် ဖြစ်လေသည်။
မျိုးဆက်တစ်ခုကို ပညာပေးသည်ဆိုရာ၌ ကြောက်ရွံ့ခြင်းကင်းသော လွတ်လပ်မှု (feariess freedom) ရှိမှသာလျှင် ကျယ်ပြန့်သော ၊ ရဲရင့်ပြတ်သားသော မျှော်လင့်ချက်များကို ရရှိနိုင်မည်ဖြစ်သည်ဟု ရပ်ဆယ်က ရှုမြင်ပါသည်။ အသိပညာ ပြည့်ဝလာပါက ကြောင်းကျိုး ဆင်ခြင်တုံ တရားကို ပိုင်ဆိုင်ပြီး အစွန်းရောက်သော ကြောက်ရွံ့မှု သို့မဟုတ် အဆင်ခြင်မဲ့ သတ္တိရှိမှုတို့ကို ရှောင်ရှာနိုင်မည် ဖြစ်လေသည်။ ပညာတတ်သူသည် အရာရာကို ပြီးစီးအောင် ဆောင်ရွက်နိုင်သူ ဖြစ်ပြီး ပျော်ရွင်ချမ်းမြေ့မှုကိုလည်း ရရှိစေနိုင်ပါသည်။ ပြည့်ဝသော ဉာဏ်အမြော်အမြင်ဖြင့် လောကကို စိတ်ဝင်စားပြီး လုံ့လဝရီယရှိရှိ ကြိုးစားအားထုတ်သူလည်း ဖြစ်လာပါလိမ့်မည်။ ပညာရေးအားဖြင့် လူသားတို့၏ လွတ်လပ်သော ဖွံ့ဖြိုးတိုးတက်မှု အလားအလာများကို ပြုစုပျိုးထောင် ပေးရပေမည်။
ဒီမိုကရက်တစ် ခေတ်ကြီးတွင်မှု အီတန် (Eton ) အယူအဆသည် ခေတ်မှီခြင်း မရှိတော့ပေ။ ကမ္ဘာလောကသည် ကွဲပြား ခြားနားသော ပုံစံများဖြင့် ဖော်ဆောင်မည့် ပညာရေးကို အလိုရှိနေပါသည်။ ကိုယ်ချင်းစာနာစိတ် (imaginative sympathy )၊ ဉာဏ်ရည်ဉာဏ်သွေး ပြည့်စုံမှု (intellectual suppleness) နှင့် စက်မှုနည်းပညာနှင့် ဆိုင်သောအသိ (technological knowledge) တို့ကို ကျယ်ပြန့်စွာ ဖော်ဆောင်ပေးရမည်။ ကမူးရှူးထိုးသတ္တိများ (bulldog courage) နည်းပါးသွားစေရန် အတွက် တတ်သိ လိမ္မာရေးခြားရှိသော လွတ်လပ်မှုကို ကလေးသူငယ်များအား ဖြစ်နိုင်သမျှ ဆောလျင်စွာ သင်ကြားပေးရပါမည်။ ဤသို့ စနစ်တကျ သင်ကြားပို့ချမှုမရှိလျှင် ကလေးသူငယ်များအဖို့ တည်ရှိနိုင်သည့် လွတ်လပ်မှုသည် မရေရာသော လွတ်လပ်မှု အတုအယောင် မျှသာဖြစ်သော လွတ်လပ်မှုမျိုးသာ ဖြစ်နိုင်ပေမည်။ ထိုအခါ လွတ်လပ်မှုသည် ကလေးသူငယ်များအား တိတိကျကျ အကျိုးဖြစ်ထွန်းမှု မရှိရုံသာမက လွဲမှားသော လွတ်လပ်မှုကို အသုံးချ ကျင့်သုံးသည့် တာဝန်မဲ့ နိုင်ငံသားများပင် ဖြစ်လာနိုင်ပါသည်။
မည်သည့် လူ့အဖွဲ့အစည်း တိုင်းတွင်မဆို ပညာရေးထက်ပို၍ အရေးကြီးသော အရာ ရှိလိမ့်မည် မဟုတ်ပေ။ ကမ္ဘာလောကသည် စဉ်ဆက်မပြတ် ပြောင်းလဲ လျက်ရှိပါသည်။ လူသားတို့သည် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေဆိုးများကို ကျော်လွှာနိုင်ရန်နှင့် အခြေအနေကောင်းများကို ဆက်လက် ဖန်တီးနိုင်ရန် အသစ်အသစ်သော မျှော်လင့်ချက်များဖြင့် တည်ဆောင် လျက်ရှိပါသည်။ ပညာရေး အစီအစဉ်သာ ဆိုးရွား ညံ့ဖျင်းနေပါက ထိုလူ့ အဖွဲ့အစည်းသည် ခေတ်နောက် ကျန်ခဲ့မည်သာ ဖြစ်လေသည်။ ထို့ကြောင့် ဘာထရန်ရပ်ဆယ်က ပညာရေးသည် ကမ္ဘာသစ်ကို ဖွင့်လှစ်မည့် သော့တစ်ချောင်း ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ ကျွန်ုပ်တို့သည်လည်း ရပ်ဆယ်ပြောသော ပညာရေးသော့ ဖြင့်သာ ဖွင့်လှစ် လွတ်မြောက်နိုင်မည် ဖြစ်လေသည်။

သူရိန်ထက်လင်း
(ပညာရေးအတွေး၊ ဒဿနအမြင် စာအုပ်မှ..)
Ref:
* Bertrand Russell ;
Education and Civillization
Freedom versus Authority in Education
* Bertrand Russell ;
On Education (1966)
* Bertrand Russell ;
Education & Good Life
Horaie Liveright inc. N.Y. (1926)
* Bertrand Russell ;
Education and the Social Order
UNWIN - London (1977)
* Bertrand Russell ;
Unpopular Essays
George Ailen & UNWIN Ltd, London (1951)
Source: မောက္ခ ပညာရေး မဂ္ဂဇင်း http://www.maukkha.org

Friday, April 8, 2011

သင်္ကြန်မှာ ဒုလ္လဘရဟန်း ဝတ်တော့မည် ဆိုလျှင်

သင်္ကြန်ကာလမှာ လူအတော်တော်များပဲ ဒုလ္လဘရဟန်း ဝတ်ကြတယ်။ အမျိုးသမီးတွေလည်း တရားရိပ်သာ ဝင်သူဝင်၊ ဒုလ္လဘ သီလရှင် ဝတ်သူဝတ်ကြနှင့် သာသနာတော်တွင်းကို ကိုယ်တတ်နိုင်သလောက်၊ အချိန် ရသလောက် ဝင်ရောက်တတ်ကြပါတယ်။ တစ်ချို့ဆို စီးပွားရေး လူမှုရေးတွေနှင့် လုံးချာလိုက်နေတဲ့ ကြားက ကြိုးစားပြီးတော့ အချိန်လုကာ ဝတ်ကြရသူတွေလည်း အများကြီးပဲ။ တစ်ချို့ဆို ပြည်ပမှာ အလုပ်လုပ်နေရင်း အချိန်ရခိုက် ကိုယ့်နိုင်ငံပြန်၊ မိဘ ဆွေးမျိုးတွေနှင့်တွေ့၊ တွေ့လို့မှ အားမရသေးမှီ ရသလောက် ရက်ကလေး အတွင်း သာသနာ့ဘောင် ဝင်ချင်တဲ့ သဒ္ဓါတရားကြောင့် ရဟန်းပြုလိုက် သေးတယ်။ ရှင် ရဟန်းအဖြစ်ဟာ ရခဲလှတဲ့ အရာတွေထဲက တစ်ခု (ဗဗ္ဗဇိတဘာဝေါ ဒုလ္လဘော) လို့ ရှင်တော်ဘုရားဟောကြား သတိပေးတော် မူထားတယ် မဟုတ်ပါလား။ သဒ္ဓါတရားလည်းကောင်း ၊ ရည်ရွယ် ချက်ကလည်း ကောင်းနှင့်မို့ သာဓုခေါ် ထိုက်တဲ့ လုပ်ရပ်တစ်ခုပါ။
ဒါပေမဲ့ ဒီနေရာမှာ စေတနာ ဗလဘွ သိနေဟနှင့် သတိပေးချင်တာလေး တစ်ခု ရှိပါတယ်။ အစွဲကင်းကင်း၊ သာစေ နာစေဆိုတဲ့ ရည်ရွယ်ချက် အဖျင်းတွေမပါရှိပဲ ဆွေးနွေးတင်ပြချင်ပါတယ်။ အဲဒါကတော့ ရဟန်းဝတ် တော့မယ်ဆိုရင် ကိုယ့်ဆရာဖြစ်မယ့် ဆရာတော်နှင့် ရဟန်းပြုမည့် ကျောင်းကို အသေအချာ ရွေးဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ များသောအားဖြင့်တော့ လူတော်တော်များများက အဲဒီ ရွေးချယ်မှုကို သိပ်မလုပ် ကြဘူး။ မြန်မာပြည်မှာက နီးရာ သွားပြီး ရဟန်းပြုလိုက်တာမျိုးလည်း ရှိတယ်။ ကိုယ်နှင့် ခင်မင် ရင်းနှီးနေတဲ့ ဆရာတော်မို့ သူ့ကျောင်းမှာပဲ သင်္ကန်းဝတ်လိုက်တယ်။ ဘိုးဘွား မိဘ အစဉ်အဆက် ကိုးကွယ်လာတဲ့ ဘုန်းကြီးမို့ဆိုပြီး သူ့ထံ၊သူ့ကျောင်းမှာပဲ သင်္ကန်းဝတ်လိုက်တတ်ကြတယ်။ ကျုပ်တို့ လူမျိုးက “ပုဂ္ဂိုလ်ခင်လျှင်  တရားမင်”တတ်ကြတယ်လေ။ 

Thursday, April 7, 2011

Right Click Option တွင် Copy to နဲ့ Move to shortcut ထည့်နည်း

ဖိုင်တစ်ခုကို right click နှိပ်ပြီး Send To ကိုသုံးလို့ ရသလို နောက်ထပ် Copy To နဲ့  Move To ကိုလည်း ထည့်သုံးလို့ ရပါတယ်...

သုံးမယ်ဆိုရင်

Copy To အတွက်

regedit-->HKEY_CLASSES_ROOT\
AllFilesystemObjects\ shellex အောက်က
ContextMenuHandlers ကို right click -->New> Key နှိပ် name ကို Copy To ဆိုပြီးပေးပြီးရင်
Default ရဲ့ Value နေရာမှာ {C2FBB630-2971-11D1-A18C-00C04FD75D13} ကိုထည့်ပါ..

Move To အတွက်


Move To အတွက်က အခုနကလိုပဲ New Key နှိပ် name ကို Move To ဆိုပြီးပေးပြီးရင်
Default ရဲ့ Value နေရာမှာ {C2FBB631-2971-11D1-A18C-00C04FD75D13} ကိုထည့်ပါ။

အားလုံးအဆင်ပြေပါစေ....
Extract from:Forward Mail


Saturday, April 2, 2011

Mettā Bhāvana

The word  ‘maitrā’ or ‘mattā’ means “loving kindness”. Accordingly, the form of meditation which helps one to acquire the ability to consider all beings in this world including animals as one’s friends is Mettā Bhavanā.

“May all beings be happy, May all beings be healthy, May all beings be well” –Extension of such thoughts towards all beings whether they be relatives, or non-relatives, friends or enemies, human begins or animals is Mettā Bhavanā.
Wishing happiness towards human beings alone does not mean Maitri in the true sense of the word. True Maitri constitutes the wishing of happiness to the entire world including even the smallest of living things. The Buddha is the supreme example of Maitri in this world He has shown Maitri equally to all beings of the world, irrespective of their being friends, enemies, human beings or non-human beings. Maitri is a merit of high order. It is one of the four sublime states (Brahma Vihāra). It is one of the Perfections (Pāramitā) for the attainment of supreme enlightenment (Sammā Sambodhi).

Tuesday, March 29, 2011

Life of the Buddha in pictures

Plate1a.jpg (46927 bytes)





















































































Plate 1. The Birth of the Bodhisatta.
On a full-moon day in the month of May (Visakha) 2600 years ago was born a Prince named Siddhattha. His birth took place at Lumbini (modern Rumindei in Nepal), where his mother Mahamaya, the chief queen consort of King Suddhodana of Kapilavatthu, rested with her royal retinue, on her way to her parental home in Devadaha. In the picture Queen Mahamaya stands under a flowering sala tree holding on to one of its branches.












Plate2a.jpg (42099 bytes)










2. Life as a Prince.
Manifold was the variety of all the sensuous delights within the palace, the music and song that filled the palace halls by night and day; the beauty and grace of its dancing girls; the fragrance of subtle perfumes; the finest silks and priceless gems for jewellery and adornment; and rare delicacies and foods for the royal table. And yet, day after day, seated amidst all this luxury the Prince remains unmoved. Ever in thoughtful mood, with a far-away look in his beautiful eyes he muses on the fleeting nature of life's so called pleasures and its doubtful delights.



Plate3a.jpg (37455 bytes)


















































3. The realities of life.
All King Suddhodana's efforts to protect his son from the four sights of old-age, disease, death and a recluse are of no avail. On a certain occasion, on his way to the royal pleasure gardens the Prince is confronted by each one of these very sights, and is filled with doubts and deep misgiving. Soon after this he meets a wandering ascetic, impressed by the sombre garb and quiet demeanour of the homeless recluse the Prince looks long and hard at him, and then, makes up his mind to leave the palace for a life of homelessness.


Plate4a.jpg (38384 bytes)

4. The Great going forth.
On the day of the Esala full-moon (July) the Crown Prince receives the news brought from the palace, of the birth of a son to his wife, the beautiful Princess Yasodhara. Alarmed at this fresh development, this new fetter to bind him closer to the world, the Prince decides to leave the palace that very night. For the sake of his father, his queen, his son, for the sake of all mankind, he would leave the world to seek a way to save the world from all suffering. This is the Great Renunciation.


Plate5a.jpg (40664 bytes)

5. Experiment with Asceticism.
For six long years the ascetic Gotama, as Prince Siddhattha was now known, wanders along the highways and byways of India. He goes to Alara Kalama and Uddaka Ramaputta two of its greatest religious teachers, who teach him everything from their store of knowledge and wisdom. But the ascetic Gotama is not satisfied, for their teachings do not lead to the cessation of suffering. With unrelenting energy he undergoes rigorous ascetic discipline, both bodily and mental, seeking a way to the cessation of suffering through further suffering. In the end he becomes lean and emanciated and a mere skeleton.


Plate6a.jpg (40068 bytes)

6. Enlightenment.
Discarding both extremes of luxurious living and self mortification, the Bodhisatta Prince chooses the Middle Path of moderation based on the practice of virtue (sila), concentration of the mind (samadhi), and the intensive analysis of all psycho-physical phenomena that finally leads to full understanding of things as they really are (panna). Seated under the Bodhi-tree at Buddhagaya he attains Samma Smabodhi and becomes the Supreme Buddha.


Plate7a.jpg (43186 bytes)

7. The First Discourse.
Having realized the Four Noble Truths - the Noble Truth of Suffering; the Cause of Suffering; the Cessation of Suffering; and the Path leading to the Cessation of Suffering - by himself, the Buddha now decides to teach them to the five ascetics who had earlier served him at Uruvela, in Buddhagaya. At the end of this First Discourse, which is known as the "Dhammacakkappavattana Sutta" and given to the five ascetics who were now living at Isipatana in Benares, the oldest of them, Kondanna realises the first path and fruition of the Stream-winner (Sotapanna), or one who goes against the stream of Samsara (the recurring cycle of life and death).



Plate8a.jpg (38316 bytes)
 
8. Go now and wander for the welfare of the many.
The Buddha stays on at Isipatana for the rainy season. However, before that, within the first week of His giving of the Dhammacakkappavattna Sutta, all five ascetics reach the highest fruition of Sainthood and thus become the first five Arahant disciples of the Buddha. Before the rainy season is over fifty five others have followed suit. The Buddha now exports His sixty disciples: - 'Go forth ye bhikkhus, for the welfare of the many, for the happiness of the many, out of compassion for the world, for the good, welfare and happiness of gods and men'. Accordingly the disciples set forth to spread the new teaching.

Plate9a.jpg (28210 bytes)
 
9. The law of Causation or Dependent Arising.
After His Enlightenment under the Bodhi-tree at Buddhagaya, the Buddha reflects on the law of Dependent Origination (Paticca Samuppada). He ponders as to how things come into being due to past and present conditions to cause suffering. Next He muses on the cessation of these very things when their cause has been removed. Then he reflects on both the arising and the cessation of all things conditioned and inter dependent, in the present, the past and the future.



Plate10a.jpg (42087 bytes)
 
10. The Philosophy of change.
The Buddha teaches that all conditioned things are in a state of flux or change, and thus impermanent. The ever changing nature of both mind and matter proves the insubstantiality of life, and the instability of existence. Knowing this, Khema the consort of King Bimbisara avoided going to see the Buddha: for being very beautiful, she was afraid the Buddha would disparage her self-conscious awareness of her loveliness. As she went into his presence one day, the Buddha creates the illusion of a beautiful young woman before her, who gradually grows old before her very eyes and collapses at the feet of the Master. Alarmed and ashamed she realises the impermanence of the human body.
 


Plate11a.jpg (39794 bytes)

11. Unsatisfactoriness of Life.
According to the Buddha, whatever is impermanent is subject to suffering, and the world rests on this basic factor of suffering (Dukkha). However, having accepted this fact, He goes on to teach man how to gain his release from all suffering. The tragic story of Patacara who loss her whole family within a matter of a single day and night, points out only too well how suffering besets the unsuspecting worlding. After listening to the Buddha she gains peace and sanctity.



Plate12a.jpg (40910 bytes)
12. Buddha teaches that all Phenomena is soulless.
When a thing is impermanent, as all conditioned things are, and thus susceptible to change, there can be no overlord or Self. Helpless in arranging things according to its wishes there can be no soul as master over mind and body. The Buddha explains the soullessness of beings to the five bhikkhus at Isipatana in Benares, in the discourse on soullessness (Anattalakkana Sutta).



Plate13a.jpg (44311 bytes)

13. Freedom of thought.
At times referred to as the Buddha's Charter of Free inquiry this discourse was given by the Buddha to the Brahmin Kalamas at Kesaputta. 2500 years ago, preaching against blind belief in Buddha gave prominence to and encouraged the spirit of free inquiry and independence of thought and action, subject to sound judgment. He trained his disciples in the art of questioning as well as in the finer points of debate and discussion. Pointing out the dangers of haphazard thinking the Buddha teaches the Kalamas the art of reasoning for the sole purpose of arriving at true understanding of the Buddha's teaching of the Four Noble Truths.



Plate14a.jpg (40059 bytes)
14. Towards human dignity.
Sunita was a scavenger born into a so called outcaste community. On meeting the Buddha on his almsround one day, the humble youth prostrated himself before the Master in adoration. Asking for ordination he is taken to the temple where he soon becomes worthy of the highest obeisance of both deva and brahma gods. Thus the Buddha teaches that a man becomes neither a Brahmin nor a low-caste by birth, but by deeds alone.


Plate15a.jpg (36961 bytes)

15. Equality of women.
It was the Buddha who first gave women her rightful place in a society which had earlier ostracised her even to the extent of treating the birth of a girl as an inauspicious event. Knowing that being a woman was no bar to her attaining the highest fruition of Sainthood, the Buddha permitted the ordination of women as Bhikkhunis. Further, the establishment of a Bhikkhuni Sasana (Order of Nuns) by the Buddha was the first of its kind in the history of the world. In the picture, The Ven. Ananda, who has interceded on behalf of the Sakyan ladies including the step-mother Mahapajapati Gotami, stands by their side.


Plate16a.jpg (40460 bytes)

16. Human freedom.
In the time of the Buddha it was common for both men and women to enter into services in rich households due to their extreme poverty. In fact this traffic in human slaves was very common at the time, even though it was contra indicated for a follower of the Buddha. The state of slavery that existed at the time is well illustrated by the story of the slave girl Rajjumala who worked for a very wicked mistress who treated her without any mercy even for the slightest fault. Here the Buddha admonished both servant and mistress and teaching them the Doctrine, bestows permanent peace on both of them.


Plate17a.jpg (36414 bytes)

17. Ministering to the sick.
In spite of the fact that the study and practice of medicine and surgical science has advanced to a great extent by the Buddha's time, hardly any attention was paid to nursing or caring for the sick. Putigatta Tissa Thera was a monk who was stricken by a skin disease which spread covering his whole body with a mass of ulcerating matter. Lying unattended by the fellow monks his condition worsens. The Buddha going to the stricken monk who now lies dangerously ill, bathes him in warm water with the help of Ananda Thera, and cleans his robes. Having made him comfortable the Buddha expounds the Teaching to him, explaining the true nature of the human body. Enlightened by the discourse the Thera becomes an Arahant. The Buddha then addresses the other monks on the ennobling task of caring for the sick. Accepting the compassionate exhortation of the Master and following His noble example, the laity started to build wards for sick monks in all large monasteries. Later king Dhammasoka was to build hospitals not only for the public but also for sick animals. Hence the honour for the establishment of the first hospitals should be given to the Buddhists.


Plate18a.jpg (39803 bytes)

18. Psychic Therapy.
The Buddha speaking on the mind, has also spoken on mental disorders and on the treatment of psychic ailments. The Buddha has traced sorrow as one of the chief causes leading to the arising of mental disturbances. On the death of her only son, Kisa Gotami loses control of her senses and in her madness goes in search of medicine for her dead child. Failing all else she appeals to the Buddha, who realising that nothing would convince her until her mental equilibrium has been restored, sends her on an errand to get him a few mustard seeds from a house where there has been no death. Unabl to accomplish the Master's request, she comes to the conclusion that death is inevitbale and that her only son too had succumbed to it.



Plate19a.jpg (41327 bytes)

19. Compassion to Animals.
In the Buddha's time there were various animal sacrifices taking place in India. Innocent animals were killed as Offerings on sacrificial altars to appease the gods, for man's happiness both here and hereafter. The Buddha, however, showed man that it was impossible to obtain happiness for oneself by causing suffering to others, and that the followers of the Buddha if they were so, should avoid making animal sacrifices. At that time the King of Kosala had seen sixteen terrifying dreams in a single night, and was in great fear. To avert the evil influence of these dreams a great animal sacrifice with the killing of thousands of animals was arranged in accordance with the advice given by the Brahmins. Hearing of this, the Buddha advises the King against such a sacrifice, thus saving the lives of all those doomed creatures. From that day to this, no taking of life however small is involved in any ceremony of the Buddha's followers.


Plate20a.jpg (41590 bytes)
20. Buddhist Economic System.
Many who are not familiar with the Buddha's Teaching classify it as a religion for the next world, or for a future life. They are completely mistaken in this, because eighty percent of the objectives included in the Buddha's Teaching are for the world of today. According to the Buddha all except one of the five blessings that accrue to the virtuous are available in this life itself; ten of the eleven benefits obtainable through the development of Metta (loving-kindness) are immediate. One who leads a good life in this world is certain to be happy in the next. The Buddha emphasises this in His Teachings. Thus the Buddha who taught the way to the cessation of suffering also pointed out the path to a highly satisfactory way of life on earth. One aspect of this mundane progress refers to an economic system based on Buddhist principles with the objective of economic development together with the elimination of poverty. The Buddha defines righteous employment as engagement in agriculture, trade, dairy farming, defence services, government services and professional services. He prohibited trade in weapons, in slaves, in rearing animals for slaughter, in liquor, and in poisons, drugs and narcotics.



Plate21a.jpg (38785 bytes)
21. Buddhist Education.
It is a method of teaching that is based on the mental development of the individual: The primary object of Buddhist Education is to produce a cultured disciplined and educated society. With that object in view the first university to be established in the world was at Nalanda in India. It is reported that over ten thousand well disciplined, cultured and law abiding students had their education there in addition to the numerous lecture halls found there classes were also held in the open air under the cooling shade of trees.


Plate22a.jpg (42935 bytes)
22. Administration of Justice.
Certain statutes regarding the administration of justice, were set up by the Buddha for the benefit of bhikkhus, in order to facilitate the dispensation of moral justice according to sound judgment, whenever the occasion arose. By this act the Buddha ensured that the spirit of moral justice which enables us to interpret laws correctly, unlike the imperfect expression of certain aspects of our present day legal administration. At the time of the Buddha and even later, there were kings who took advantage of, and made use of these laws to supplement their own. The judicial procedure adopted by the Buddha is clearly illustrated in the case of the Arahant Theri Kumara-Kassapa's mother, who unaware of her pregnant condition, with her husband's consent left her home and entered the Bhikkuni order. Later, finding her in an advanced state of pregnancy, the bhikkuni was charged with a serious allegation of misconduct and summoned before a religious court of appeal. The Buddha ordered Upali Thera, foremost among His Arahant disciples in knowledge of Vinaya matters, (and thus equal to that of the Chief Justice of to-day), to preside, try the innocent victim and to deliver judgment on her. The audience consisted of bhikkhus, bhikkunis and laymen, including the lay-woman Visakha. She screened the victim from the presence of the Buddha and the rest, after careful examination and intimate questioning declared that she was quite innocent. The Arahant Upali on hearing the evidence absolved the bhikkuni of any transgression.


Plate23a.jpg (42940 bytes)
23. World Peace.
In the Buddha's Teaching the highest emphasis is laid on the law of cause and effect, or the conditionality of all mundane phenomena. Greed, hatred and delusion are the chief causes that lead to unsatisfactoriness in the world. If one seeks to escape from this state of dissatisfaction one should try to get rid of the underlying craving and anger or hatred due to ignorance of the true nature of things. War is diametrically opposed to peace. Conflict is due to the various malignant motives stagnating in the minds of men. The control of such thoughts as greed, jealousy, hate and so on will certainly lead to peace. Permanent peace will only come when one has completely eradicated these mental defilements. Wars will cease and peaceful dialogue between individuals will lead to a world of peaceful and harmonious living. Petty squabbles arose between the farmers on both sides of the river Rohini which served as the boundary between the Sakyan and the Koliyan Kingdoms, as each side tried to divert as much water as possible to their fields. Finally these led to a major confrontation of the two armies. The Buddha arriving on the scene exhorts them on the calamitous results of war and the advantage of arriving at a peaceful settlement. Thus war is averted and peace restored. It should be mentioned that the Buddha has been the only religious teacher to have visited a battlefront in person and acted as a true mediator in averting war.



Plate24a.jpg (45639 bytes)
24. The Maha Parinibbana.
The Buddha was born as a prince under a tree, gained Supreme Enlightenment under a tree and wandered about India for 45 years giving, His Teaching to the world, and finally passed away at the age of eighty at Kusinara under a tree as a human being.