ထင်မြင်ချက်ပေးခဲ့ပါ

Friday, April 15, 2011

မြန်မာတွေ ဘာကြောင့် အောက်ကျနေရလဲ

ငွေကြေးပေါများသောသူတော်တော်များများမှာတွေ့ရပါတယ်၊၊ငွေ ၃-၄-၅သိန်းစသဖြင့်အကုန်ခံပြီး ချောင်းသာ ၊ ငပလီ ၊ မောင်းမကန် တို့ကိုသွားပြီး ရေငံငံတွေရှိတဲ့ပင်လယ်ကို သွားကြည့်ပါတယ်၊၊ ဇိမ်ခံကြပါတယ်၊၊ ငါတော့မသေခင် ငါတို့ကိုးကွယ်တဲ့ဗုဒ္ဓဘုရားရှင်ပွင့်တော်မူခဲ့သော ဗုဒ္ဓဂါယာကိုသွားဖြစ်အောင် သွားပြီးတော့ကိုဖူးလိုက်ဦးမယ်ဟေ့ဆို တာဒီနေ့အထိမတွေဘူးသေးပါဘူး၊၊

ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊ ခေတ်တွေတိုးတက်နေပါပြီဆိုပြီး ကလပ်တွေတက်ပါတယ်၊ အရက်-ဘီယာသောက်ပါတယ်၊၀ိုင်သောက်ပါတယ်၊ ပန်းခြံတွေမှာရည်းစားသညာတွေနဲ့ချိန်းတွေ့ပြီး အကုန်ပေးပါတယ်၊၊  ကိုယ့်ကိုကိုယ် မိန်းမ ဆိုတာကိုသတိမရကြပါဘူး၊၊ သူတို့တွေရဲ့မြင်ကွင်းတွေဟာINTERNET မှာVIDEOများ၊ ဓါတ်ပုံများ အဖြစ်နဲ့ပျံ့နှံ့နေပါတယ်၊၊စင်င်္ကပူ၊ဒူဘိုင်း၊အမေရိကား စတဲ့နိုင်ငံတွေကို ပညာသင်ကြားဖို့အတွက်ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေသွားရောက်နေသောမြန်မာ အမျိုးသမီးများ(မှတ်ချက်-ပျက်စီးနေသော မိန်းမဆိုးများကိုသာ ဆိုလိုပါသည်-သိက္ခာတရားနဲ့မိန်းမဂုဏ်ကို အသက်မက တန်ဖိုးထားစောင့်ထိန်းပြီး စာကိုပဲတစိုက်မတ်မတ်ကြိုးစားနေသည့် လေးစားဖွယ် မြင့်မြတ်သောမိန်းကလေးများ၊မိမိအလုပ်ကိုသာ သန့်ရှင်းစွာဖြင့် က္ကုနြေ္ဒသိက္ခာအပြည့်နှင့်ကြိုးစားလုပ်ကိုင်နေသော တန်ဖိုးထားဂုဏ်ယူထိုက်သည့် မန်မာအမျိုးသမီးကောင်းများ မပါ-ပါ) အဲ့ဒီမှာသင်္ကြန်-NEW YEAR စတဲ့ရက်တွေမှာ သောက်ကြ၊စားကြ၊ကကြခုန်ကြနဲ့ ပျက်စီးနေကြ ပါတယ်၊၊ ရည်းစားထားပြီး LIVING TOGETHER နေထိုင်ကြပါတယ်၊၊ တစ်ချို့သော ငွေကြေးမတတ်နိုင်သောအမျိုး သမီးများသည် အခကြေးငွေယူပြီး လုပ်ကိုင် စားသောက်ပါတယ်၊၊ အဲ့လိုအကျင့်ပျက်မိန်းကလေး¬တွေကြောင့် နိုင်ငံဟာ တော်တော်သိက္ခာကျပါတယ်၊၊ passport ထပ်ရင်တောင် မြန်မာဆိုရင် နောက်ဆုံးကထားတယ်တဲ့ ၊၊ အဲ့ဒီစကားလေးကို စင်္ကပူက လူတစ်ယောက် ကိုယ်တိုင်ပြောတာပါ ၊၊ ပြီးရင် ပြန်လာတဲ့အချိန်မှာ အဲ့ဒီရွှံပိတ်များအား မြန်မာအမျိုးသားများက ထမ်းကြရပါတယ်၊၊ သိပ်ပြီးရွံစရာကောင်းသော လုပ်ရပ်များဖြစ်ပါတယ်၊၊ သက်သေအနေနဲ့ ဓါတ်ပုံပေါင်းများစွာ၊ video ပေါင်းများစွာရှိပါတယ်၊၊ ဒါ့ကြောင့် မြန်မာ အမျိုးသမီးကောင်းများစွာ ထဲက အဲ့ဒီအကျင့်ပျက်၊ မိအုပ်ဖအုပ်မရှိသောအမျိုးသမီးဆိုးများ ထိန်းသင့်ပါပြီ၊၊ ရှက်သင့်ပါပြီ၊၊ ခုဆိုရင် မြန်မာအမျိုးသမီးတွေဟာဝတ်စားဆင်ယင်မှုက အစ ရဲတင်းလာကြပါပြီ။ ကိုရီးယားကား၊ နိုင်ငံခြားမှရုပ်ရှင်ကားများကိုကြည့်ပြီး အတုခိုးမှားကာ လိုက်ပြီးဝတ်စားဆင်ယင်မှုကိုအတုယူကြပါတယ်..
တကယ်အတုယူစရာကောင်းတာတွေကိုတော့ အတုမယူကြဘဲ အတုမယူသင့်တာတွေကို
အတုယူကြပါတယ်..ကဲ.. ဒီလိုပြောလို့မြန်မာ့ယဉ်ကျေးမှုနဲ့ အညီဝတ်ဆင်ကြတယ်ဆိုတော့ ဒါဆို ကျွန်မတို့က ထမီနဲ့ ရင်ဖုံးအင်္ကျီဝတ်ပြီး အလုပ်လုပ်ကြရမှာလား လို့ဆိုဖွယ်ရာရှိပါတယ်၊၊ လာမရောပါနဲ့၊၊ တစ်ခြားစီပါ အဓိပါယ်ချင်း၊၊ သို့သော် ခေတ်နဲ့အညီဝတ်စားတာကိုမတားမြစ်ပါဘူး။ ဘယ်ဥပဒေကမှလည်းမပိတ်ပင်ပါဘူး.. ခေတ်နဲ့တော့ညီပါ.. ခေတ်ဆန်ချင်လည်းဆန်ပါ.. လူမြင်မကောင်းအောင်တော့မလုပ်ကြပါနဲ့ပေါ့..လူမြင်ကောင်းတယ်ပဲထား..မြန်မာ့ယဉ်ကျေးမှုကတော့ ပျက်ပြားသွားမှာပါ..
နောက်ဆိုရင် ထမီဆိုတာတောင် ဘယ်လိုမှန်းသိမှာမဟုတ်တော့ပါဘူး.. အရင်တုန်းက မိန်းကလေးတစ်ယောက်က ထမီပြင်ဝတ်ရင် လူမရှိတဲ့ဘက်ကို လှည့်ပြီး လုံခြုံသေသပ်စွာနဲ့ ၀တ်ပါတယ်၊၊အဲ့ဒါကိုများ ခိုးကြည့်မိရင် နှာဘူးကြီး ဘာကြီးဆိုပြီးတော့ မျက်စောင်းပေါင်းများစွာ အထိုးခံရပါတယ်၊၊အဲလောက်ထိ နဂိုခေတ်ကမိန်းကလေးများ က္ကုန္ဒြသိက္ခာနဲ့ပြည့်စုံတာပါ.. ခုတော့ အဲ့လိုမဟုတ်ဘူး၊၊ ဟိုနားဖော် ဒီနားဖော်နဲ့၊၊ တစ်ချို့ဆို ပေါင်အထက်မှာဝတ်တယ် ၊၊ သူတို့ကိုသူတို့တော့ခေတ်မှီတယ်ပေါ့ ဆိုလိုချင်တာက၊၊ ရုပ်ရှင်ဗွီဒီယို သရုပ်ဆောင်များက ရှေ့ဆောင်လမ်းပြလုပ် နေကြတာလဲပါပါတယ်၊၊

ယောင်္ကျားလေးများကလဲ
ထိန်းသင့်ပါတယ်၊၊ကိုယ့်ရဲ့နှမများလိုသဘောထားပြီးစောင့်ထိန်းသင့်ပါတယ်၊၊တွေ့သမျ¬ှမိန်းကလေးတွေကို
ကိုယ့်မြန်မာအမျိုးသမီးလေးတွေပါလား ဆိုတဲ့အသိနဲ့ ချက်တင်လောကထဲက ဆွဲထုတ်ရမဲ့အစား၊ ပိုပြီးနစ်အောင်နှစ်နေတဲ့သူတွေက တစ်ပုံကြီးပါ၊၊ တစ်ချို့ဆို ရည်းစားထားပြီး ဟိုပစ္စည်းမှာ ဒီပစ္စည်းမှာနဲ့ ယောင်္ကျားမတန်မဲ့ ပိုင်းလုံးလုပ်နေတာတွေ သိပ်ပြီးရှက်ဖို့ ကောင်းပါတယ်
သိပ်ပြီးအောက်တန်းကျပါတယ်၊၊ လက်တော့ မှာတဲ့သူနဲ့ ၊ ဖုန်းမှာတဲ့သူနဲ့ ၊၊ ပါးရိုက်သတ်ဖို့ကောင်းတယ်၊၊ တစ်ချို့ကတော့ မိန်းကလေးတွေကို ပထမခင်အောင်ပြောတယ်..ပြီးရင် sexyword တွေကိုလှည့်ပတ်ပြောပြီး
မိန်းကလေးများစိတ်ပါအောင် ကြံဖန်ပြီး ပြောတယ် ဖျက်စီးတယ် အဲ့လိုမျိုးတွေယုတ်မာရိုင်းစိုင်းအောက်တန်းကျကြပါတယ်။ " ငါတို့ကယောင်္ကျားတွေပဲ ဥပုဒ်စောင့်တဲ့ ကျားရှိလို့လား " ဆိုပြီး အကြောင်းပြချက်မပေးပါနဲ့ ၊၊ အဲ့ဒါ မိမဆုံးမ ဖမဆုံးမ လမ်းကြိုလမ်းကြားမှာ ပြည့်တန်ဆာနဲ့ အမည်မသိဘိန်းစားနဲ့ မျိုးစပ်ပြီးပေါက်ဖွားလာတဲ့ ကလေကချေတွေ ပေးတဲ့ အကြောင်းပြချက်တွေပါ ၊၊
တစ်ချို့သော မိန်းကလေးတွေဆိုရင် အဲ့ဒါတွေကြောင့်ပဲ ချက်တင်ကိုအစွဲကြီးစွဲပြီး ချက်တင်ဆိုတဲ့နွံထဲမှာ နစ်နေတာတွေ အများကြီးပါ၊၊အဲ့လိုလူမျိုးတွေကို ခွေးကမွေးတဲ့အောက်တန်းစားများအဖြစ် သတ်မှတ်ပြီး ရှောင်သင့်ပါတယ်… မိန်းကလေးများအနေနဲ့၊၊ သို့သော် ပြောသာပြောရတာပါ အဲ့လိုပြောစားလာတဲ့ ယောက်ျားတွေကလဲ သဘာကရင့်နေပါပြီ ပြီးတော့ မိန်းကလေးတွေကလဲ အဲ့လိုပြောတဲ့သူတွေကိုမှ ပိုပြီးကြွေသလားတော့ မပြောတတ်ဘူးပေါ့ ....
တော်တော်သဘောကျကြပါတယ် ၊၊ တစ်ချို့သော အမျိုးသမီးများ၏ ဟာလာဟင်းလင်း ဓါတ်ပုံပေါင်းများစွာဟာ လည်း အင်တာနက်မှာ မမြင်ချင်အဆုံးပါပဲ..တော်တော်အရှက်နဲတဲ့ မိန်းမတွေပါ VZO ကနေတစ်ဖက်က
ယောင်္ကျားလေးတစ်ယောက်ကို မျိုးစုံလုပ်ပြပါတယ် ... ဒါတွေက ယောင်္ကျားလေးတွေကိုယ်တိုင် ၀န်ခံကြတာပါ..တချို့ မိန်းကလေးတွေရဲ့ အရှက်နည်းမှုတွေကို ဝေဖန်ကြတာပါ..
အဲလိုမိန်းမမျိုးတွေကို ရွံလွန်းလို့ အော့နှလုံးနာလွန်းလို့ ၊၊ အဲ့ဒါလား မြန်မာဗုဒ္ဓဘာသာအမျိုးသမီး တွေ ဆိုပြီးတော့ ကိုယ်ကိုယ်တိုင် မြန်မာဖြစ်ရတာကိုတောင် အော့နှလုံးနာပါတယ်... အဲ့တော့ မြင့်မြတ်တဲ့ မြန်မာအမျိုးသမီးကောင်းများအနေနဲ့ အဲ့လိုပုပ်နေတဲ့ ငခုံးမတွေ(မိန်းမများ)ကိုလဲရှောင်ကြဉ်ပါ ၊၊ ပြီးရင်
ပုပ်နေတဲ့ငခုံးမ(အထီးတွေ)ကိုလဲ သတိထားပြီး ရှောင်ကြဉ်ပါ၊၊ အပေါင်းအသင်းမလုပ်ကြပါနဲ့ လို့ ဆိုတာကို အသိပေးပါတယ်နော်...မြန်မာနိုင်ငံကို ဘက်စုံမှာတိုးတက်စေဖို့အတွက် မြန်မာနိုင်ငံရဲ့ ဂုဏ်ကို မြှင့်တင်ဖို့ အတွက်က ဒီလိုဟာမျိုးတွေနဲ့မပတ်သက်မိဖို့လိုပါတယ်...


စိတ်ဓါတ်ရေးရာအရ သုံးသပ်ချက်

မြန်မာတွေဟာကိုယ်ပိုင်-ကိုယ်တိုင် အသစ်အဆန်းများအားတီထွင်လိုစိတ်မရှိခြင်း ၊အခြားနိုင်ငံများရဲ့တီထွင် ပေးမှုများကိုသာအဆင်သင့် သုံးချင်ကြသော လူဖျင်းလူနုံလူအများဖြစ်နေခြင်း၊၊ ပျင်းရိခြင်း၊၊ တော်သည့်လူများချွန်ထွက်လာပြီဆိုရင်လဲ  အဲ့ဒီလူကိုဘယ်လို နှိပ်ကွပ်ရမလဲဆိုတာပဲ စဉ်းစားကြပါတယ်၊၊ နမူနာပြောပြမယ်၊၊ အိုင်းစတိုင်းဟာ ပန်းသီးလေးတစ်လုံး ကြွေကျတာကို ကြည့်ပြီး ထိုင်စဉ်းစားနေလို့ အင်မတန်အသုံးဝင်တဲ့ များစွာအကျိုးကျေးဇူးတွေ ဖြစ်လာစေမဲ့ formula တစ်ခုကို ရရှိခဲ့ပါတယ်၊၊ တို့ဆီမှာ တကယ်လို့များ လူတစ်ယောက်က အဲ့လိုထိုင်စဉ်းစားနေရင် ခုဒီစာကိုဖတ်နေတဲ့ လူကြီးမင်း ဘယ်လိုတွေးမလဲ၊၊ ဂျက်လီဟာ ကွန်ဖူးကို တရုတ်ပြည်တစ်ပြည်လုံးမှာ ပထမရအောင် ယှဉ်ပြိုင်ခဲ့ပါတယ်၊၊ဒါ့ကြောင့် သူ့ကို မင်းသား တင်ရိုက်တယ်၊၊နာမည်ကြီး မင်းသား တစ်ယောက်ဖြစ်လာပါတယ်၊၊ဘရုစလီဟာ ဗိုက်ပေါ်ကို ကားနင်းတာ ခံပြခဲ့ပါတယ်၊၊ အနီးကတ် ထိုးချက်ဆိုတဲ့ အဇ္ဈတ္တနဲ့ ဗဟိဒ္ဓ ပေါင်းစပ်ထားတဲ့ ထိုက်ကျိကို အခြေခံတဲ့ သိုင်းပညာတစ်မျိုးနဲ့ အခြားတရုတ်ရိုးရာ သိုင်းပညာများစွာကို ဖော်ထုတ်ပြသခဲ့ပါတယ်၊၊ဒါ့ကြောင့်လဲ သိုင်းလို့ပြောရင် တရုတ်ကို လူတိုင်းသိကြပါတယ်၊၊အဲ့လိုမျိုး သူတို့ဆီမှာ အားပေးအားမြှောက် ပြုကြပါတယ်၊၊ တို့နိုင်ငံမှာ သိုင်းသင်နေတဲ့ လူတစ်ယောက်ကို ငပေါကြီး ငရူးကြီး စသဖြင့်ပြောကြပါတယ် နှိမ့်ချချင်ကြပါတယ်၊၊ တရုတ်ကားတွေထဲမှာ ပါတဲ့ အကြောပိတ်-အကြောနှိပ်ပညာဆိုတာ တကယ်ရှိပါတယ် အဲ့ဒါဟာ တို့မြန်မာ့ရိုးရာ ဗန်တိုပညာ၊ ရှမ်းကြီးသိုင်း၊ပွဲကျောင်းသိုင်း ဆိုတဲ့ပညာရပ်တွေထဲမှာ ပါပါတယ်၊၊ တရုတ်က ဗောဓိဓမ္မ (တရုတ်လိုဆရာတော်တာမို)ဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးက မြန်မာတို့ရဲ့ ပွဲကျောင်းသိုင်းနဲ့ နန်းသိမ်းခုံ(ယခု ရှမ်းကြီးသိုင်း)ကို တိဗက်မှာ သင်ယူခဲ့ပြီး သူ့နိုင်ငံကိုရောက်တဲ့အချိန်မှာ ကျန်းမာရေးနဲ့လဲ ညီညွတ်အောင်၊ ဘုန်းကြီးတွေလဲ တရားကျင့်တဲ့အချိန်မှာ မငိုက်မြည်းအောင်ဆိုပြီး ပုံစံတစ်မျိုးနဲ့ထွင်ပါတယ်သူ့ကျောင်းရဲ့ နာမည်ကို အစွဲပြုပြီး အဲ့သိုင်းကို ရှောင်လင်လို့ခေါ်ပါတယ်၊၊ အဲ့တော့ တို့မြန်မာတွေ သိပ်ပြီးတော်ပါတယ်၊၊
အဲ့လို ကိုယ့်ဟာက သူများဟာဖြစ်သွားအောင် တော်တဲ့သူ တွေကိုနှိမ့်ချနိုင်စွမ်းရှိပါတယ်၊၊ ပြီးတော့ တစ်ခုရှိသေးတယ်၊၊ မင်းတုန်းမင်းခေတ်ကပါ၊၊ အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို ကျူးကျော်နေတဲ့အချိန်ပါ၊၊ မြန်မာတွေအနေနဲ့ လက်နက်အင်အားနဲ့နည်းပညာမှာ အင်္ဂလိပ်ကိုမမှီလို့ သိပ်ပြီးအခက်အခဲတွေ့နေရတဲ့ အချိန်ပါ၊၊ အဲ့တုန်းက အင်္ဂလိပ်ကမြန်မာနိုင်ငံထဲကိုဝင်ရင် ရေကြောင်းကပဲ ၀င်နိုင်ပါတယ်၊၊ အဲ့အချိန်မှာ ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့ ကနောင်မင်းသားကြီးတို့ဟာရေမြှုပ်ဗုံးထွင် နေကြတဲ့အချိန်ပါ၊၊ သူတို့ ထွင်ထားတာပြီးသွားတဲ့အချိန်မှာ အောင်ပင်လယ်ကန်ကို နှစ်ယောက်သားသွားပြီး စမ်းသပ်ကြပါတယ်၊၊ အရင်ဆုံး ကနောင်မင်းသားကြီးဟာ ဗုံးတစ်လုံးကို ကန်ထဲပစ်ချလိုက်တော့ ၀ုန်းဆိုတဲ့ အသံကျယ်ကြီးနဲ့အတူ ပေါက်ကွဲထွက်သွားပါတယ် သူတို့အရမ်းကိုပျော်ပြီး ကနောင်က ဦးဘိုးလှိုင်ကို " ကျုပ်တို့ အင်္ဂလိပ်ကို ချောင်ပိတ်ပြီးစိစိညက်ညက်ချေပစ်နိုင်ပြီ"လို့ ပြောလိုက်ပါတယ်၊၊ သူတို့ စမ်းသပ် နေတုန်းအချိန်က နန်းတွင်းထဲမှာ မင်းတုန်းမင်းက ဘုန်းကြီးတွေကိုဆွမ်းဖိတ်ကျွေးနေတဲ့အချိန်ပေါ့၊၊ ကနောင်နဲ့ ဦးဘိုးလှိုင်တို့ ပျော်ရွင်စွာနဲ့ပြန်လာကြတဲ့အချိန်မှာ  နန်းတော်တံခါးဝကိုရောက်တော့ လှိုင်ထိပ်ခေါင်တင်နဲ့ တွေ့တယ် ၊၊ ကနောင်က "နှမတော် ခုဏက အသံတွေ အကိုတော်ကြားလား သူဘာပြောလဲ" လို့ မေးလိုက်တယ်၊၊ သူကတော့ မင်းတုန်းမင်းကြီးလဲပျော်မယ်ထင်တာပေါ့၊၊ လှိုင်ထိပ်ခေါင်တင်ပြောတာက "
အဲ့အချိန်တုန်းက မင်းတရားကြီးက ဘုန်းကြီးဆွမ်းကျွေးလုပ်နေတာတဲ့၊ ဘုန်းကြီးတွေက
အဲ့ဗုန်းကွဲသံကို ကြားတော့ ရေထဲကသတ္တ၀ါတွေဒုက္ခရောက်တော့မယ်ဆိုပြီး
ဆွမ်းစားတာချက်ချင်းရပ်ပြီး ပြန်ကြွသွားကြတယ်တဲ့၊အဲ့ဒါနဲ့ မင်းတရားကြီးက ကနောင်နဲ့ဦးဘိုးလှိုင်ရဲ့ ရေမြှုပ်ဗုံးကို တားမြစ်ပါမယ်ဆိုပြီး ကတိပေးလိုက်ရတယ်တဲ့"၊၊ အဲ့အခါမှ ကနောင်မင်းသားကြီးက
ဝမ်းနည်းစွာနဲ့ ဦးဘိုးလှိုင်ကို " ကျုပ်တို့တွေ သူ့ကျွန်ပဲ လုပ်ကြပါစိှု့ဗျာ" တဲ့၊၊ ၁၂၄၀ ခုနှစ် အင်္ဂလိပ်အရာရှိမှတ်တမ်းတွင် " သတင်းပေးသူမှတ်တမ်း "ဆိုတဲ့စာအုပ်မှာ မြန်မာတို့သည် ရိုင်ဖယ်သေ နတ် များနှင့် တော်ပီဒိုရေမြှုပ်ဗုံးများ လုပ်ကိုင်နိုင်ပြီလို့ ဖော်ပြထားပါတယ်၊၊ဒါကို ကုန်းဘောင်ရှာပုံတော် ဆိုတဲ့ စာအုပ်မှာဖတ်ရှုနိုင်ပါတယ်၊၊ အဲ့ဒီလို တို့မြန်မာတွေဟာ တော်တဲ့သူတွေကို အားပေးအားမြှောက်လုပ်မှု နည်းပါးကြပါတယ်၊၊ မိမိကိုယ်ကို အထင်သေးသိမ်ငယ်တတ်ပြီး တိုင်းတစ်ပါးကိုစွတ်အထင်ကြီးတတ်သော လူဖျင်းလူနုံများ၊ဆန်ကုန် မြေလေးများတစ်နေ့တစ်ခြားတိုးတက်များပြားလာခြင်း၊၊ယနေ့ INTERNET ကိုတော်တော်များများသုံးနေကြပါပြီ၊၊ သို့သော် ၀မ်းနည်းစရာကောင်းသည်မှာ အကျိုးရှိ သည့်နေရာတွင် အသုံးမချပဲ ရည်းစားရှာဖို့၊ Sexy Words တွေပြောပြီး ကျေနပ်ဖို့ စတဲ့မဟုတ်တဲ့နေရာတွေမှာ အသုံးချ နေကြတာပါပဲ၊၊ မြန်မာရဲ့ အဓိကအားနည်းချက်ကအဲ့ဒါပဲ၊၊မဟုတ်တဲ့နေရာမှာ သိပ်ပြီး ချွန်တယ်၊၊ 
၁ နာရီမှ၂၀၀-၃၀၀လောက်ပေးရသော INTERNET ကို အကျိုးရှိရှိအသုံးချမယ်ဆိုရင် ရတနာသိုက်ကြီးပါ၊၊ လိုချင်တာ လေ့လာချင်တာ အကုန်ရတယ်၊၊ ရှာစမ်းပါ GOOGLE ကနေ၊၊ စာအုပ်တွေရှာ ဖတ်၊လေ့လာ၊၊လုပ်စမ်းပါ၊၊ အလိမ္မာ စာမှာရှိတဲ့၊အလုပ်ချိန်မှာ အလုပ်လုပ်တယ်၊၊ နားချိန်မှာ ကောင်းကောင်းနားတယ်၊၊မြန်မာနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာNET အရမ်းကောင်းပါတယ်၊၊သို့သော် သူတို့တွေ ဒို့ဆီက မြန်မာတွေလို မချက်ပါဘူး၊၊ လိုအပ်မှ သုံးပါတယ်၊၊ ဒို့မြန်မာတွေကတော့ အဲ့လိုမဟုတ်ပါဘူး၊၊ နားကြပ်ကြီးတွေ တပ်ပြီး တစ်နေကုန် ဖင်ပူအောင်ထိုင်၊ တွေ့သမျှ ဆန့်ကျင်ဘက်(gender ) များနဲ့ချက် နေလိုက်ကြတာကို လေယဉ်မောင်းနေတဲ့ ပိုင်းလော့ကြီးတွေ ကျနေတာပဲ၊၊ တစ်ချို့ဆိုရင် အဲ့ဒီ INTERNET ဆိုင်ကရောင်းတာကိုစားပြီး တစ်နေကုန်ထိုင်ချက်ပါတယ်၊၊လက်တွေ့ နားနဲ့ဆက်ဆက် ကြားနေရတာတွေရှိပါတယ် နစ်ကိုကြိုက်တဲ့အချိန်ဖွင့်၊အမြဲတမ်းအွန်လိုင်းပဲ၊၊ပြီးရင် စကားကိုအကောင်းမပြောဘူး၊၊ လူတစ်ယောက် ချက်တာကို ဘေးကနေနားထောင်နေတာသူတို့မှာအွန်လိုင်းကနေ မိန်းမတွေကော ကလေးတွေတောင် လေနဲ့ရနေကြပါပီ။ တချို့ဆို Q တယ်လို့ခေတ်စကားနဲ့ပြောလို့ရပါတယ်.. ကောင်လေးတွေဆိုလည်း
ကောင်မလေးတွေကို လိုက်Q နေကြပါတယ်.. ကောင်မလေးတွေဆိုရင်လည်း အဲဒီQ တာကိုပဲခံနေကြပါတယ်.. ဘယ်လိုလုပ်ကြမလဲ ၊၊ မြန်မာတွေဟာ မဟုတ်တဲ့ဘက်မှာ သိပ်ချွန်နေကြတယ်၊၊အချိန်တွေ ၊ အင်အားတွေ ဘယ်လောက် နှမြောစရာ ကောင်းလိုက်သလဲ ၊၊ ရှက်သင့် ကြပါပြီ ၊ ပြင်သင့်ကြပါပြီ ၊၊ဒီ Mail အတွက် မုန်းချင်မုန်းကြပါ နာချင်ရင်နာကြနိုင်ပါတယ်၊ နာအောင်လဲ ရေးထားတာပါ၊၊ မှားနေကြတာတွေကို ပြင်စေချင်တဲ့စိတ်နဲ့၊အားလုံးကို ကိုယ့်ညီမတွေလို မပေါင်းသင့်တဲ့သူတွေနဲ့မပေါင်းရအောင် ၊အတုမယူသင့်တဲ့သူ တွေကို အတုမယူမိအောင်၊အားလုံးကိုကြိုးစားချင်စိတ်ရှိကြဖို့တွေအတွက် နာအောင်ရေးထားတာပါ၊၊ နောက်ပြီးတော့ အဲ့ဒီလူမျိုးတွေ၊အဲ့လိုကိစ္စတွေကိုရှောင်ပြီး ဖြောင့်လာကြမယ်ဆိုရင် အမုန်းခံရတာ တန်ပါတယ်၊၊
အားလုံးပဲ Good luck in everything! ဒီစာကို ထောက်ခံရင် မှန်တယ်ဆိုရင် သူငယ်ချင်းတွေကိုပါ ဖတ်ဖို့ပေးလိုက်ပါ၊၊
မမှန်ဘူးလို့ယူဆရင် မုန်းနိုင်ပါတယ်၊၊ တစ်ခုပြောစရာရှိတာက အဲ့ထဲမှာရေးထားတဲ့ မကောင်းသောယောင်္ကျားများ ၊မိန်းမများဆိုတာ အကုန်လုံးကိုပြောတာမဟုတ်ပါ၊၊ အလွန်သိက္ခာရှိပြီး လေးစားဖွယ်၊ဂုဏ်ယူထိုက်သော မြန်မာအမျိုးသမီးကောင်းများစွာ၊အမျိုးသားကောင်းများစွာ ရှိပါသည်၊၊
အားလုံးကိုဆိုလိုခြင်းမဟုတ်ပါနော်...
ဒီစာကို ရေးရခြင်းက အားလုံးကို ကောင်းစေခြင်းလို့ပါ..
အလင်းရဲ့ဒိုင်ယာရီထဲမှ စာကို ကိုးကားထားခြင်းဖြစ်ပါသည်...

On 4/11/11, toe toe.011 wrote:
Source: forward Mail

3 comments:

စင်င်္ကပူ၊ဒူဘိုင်း၊အမေရိကား စတဲ့နိုင်ငံတွေကို ပညာသင်ကြားဖို့အတွက်ဖြစ်စေ၊ အလုပ်လုပ်ဖို့ဖြစ်စေသွားရောက်နေသောမြန်မာ အမျိုးသမီးများ အဲ့ဒီမှာသင်္ကြန်-NEW YEAR စတဲ့ရက်တွေမှာ သောက်ကြ၊စားကြ၊ကကြခုန်ကြနဲ့ ပျက်စီးနေကြ ပါတယ်၊၊ ရည်းစားထားပြီး LIVING TOGETHER နေထိုင်ကြပါတယ်၊၊ တစ်ချို့သော ငွေကြေးမတတ်နိုင်သောအမျိုး သမီးများသည် အခကြေးငွေယူပြီး လုပ်ကိုင် စားသောက်ပါတယ်၊၊ အဲ့လိုအကျင့်ပျက်မိန်းကလေး¬တွေကြောင့် နိုင်ငံဟာ တော်တော်သိက္ခာကျပါတယ်၊၊ passport ထပ်ရင်တောင် မြန်မာဆိုရင် နောက်ဆုံးကထားတယ်တဲ့ ၊၊ အဲ့ဒီစကားလေးကို စင်္ကပူက လူတစ်ယောက် ကိုယ်တိုင်ပြောတာပါ ၊၊ ပြီးရင် ပြန်လာတဲ့အချိန်မှာ အဲ့ဒီရွှံပိတ်များအား မြန်မာအမျိုးသားများက ထမ်းကြရပါတယ်၊၊ သိပ်ပြီးရွံစရာကောင်းသော လုပ်ရပ်များဖြစ်ပါတယ်၊၊

မြန်မာတွေဟာ တော်တဲ့သူတွေကို အားပေးအားမြှောက်လုပ်မှု နည်းပါးကြပါတယ်၊၊ မိမိကိုယ်ကို အထင်သေးသိမ်ငယ်တတ်ပြီး တိုင်းတစ်ပါးကိုစွတ်အထင်ကြီးတတ်သော လူဖျင်းလူနုံများ၊ဆန်ကုန် မြေလေးများတစ်နေ့တစ်ခြားတိုးတက်များပြားလာခြင်း၊၊ယနေ့ INTERNET ကိုတော်တော်များများသုံးနေကြပါပြီ၊၊ သို့သော် ၀မ်းနည်းစရာကောင်းသည်မှာ အကျိုးရှိ သည့်နေရာတွင် အသုံးမချပဲ ရည်းစားရှာဖို့၊ Sexy Words တွေပြောပြီး ကျေနပ်ဖို့ စတဲ့မဟုတ်တဲ့နေရာတွေမှာ အသုံးချ နေကြတာပါပဲ။
ဟုတ်တယ်ဗျာ့ အင်တာနက်ကို အကျိုးရှိ သည့်နေရာတွင် အသုံးမချပဲ ရည်းစားရှာဖို့၊
Sexy Words တွေပြောပြီး ကျေနပ်ဖို့ စတဲ့ မဟုတ်တဲ့နေရာတွေမှာ အသုံးနေကြတာတော်တော်များတယ။ အဲ့လို အသုံးပြုနေတာလဲ မြန်မာ တစ်နိုင်ငံ ပဲ ရှိမယ်ထင်ပါတယ် တွေ့ဖူးသလောက်တော့။ တော်တော်စိတ်မကောင်းစရာပဲဗျာ.... ဒါပေမယ့် အင်တာနက်ကို အကျိုးရှိရှိ အသုံးချတဲ့ သူတွေလဲရှိပါတယ် ၁၀ ယောက်မှ ၁ ယောက်လောက်ပေါ့..... တော်သေးပြီဗျာ ဖြစ်ပျက်နေတာတွေ ဆက်မပြောချင်တော့ပါဘူး။ အခု လို အသိပညာပေးဆောင်းပါးလေး ရေးတဲ့ သူ ဆက်လက်ပြီး ဒါမျိုးလေးတွေ ရေးသားနိုင်ပါစေ......
ဒီကွန်မန်းကို နာမည်တပ်ပြီး မရေးတတ်လို့ ဒီတိုင်းပဲ ရေးသွားတာ ခွင့်လွတ်ပါ။
မြန်မာပြည်ကြီး လဲ အပြစ်ပြောစရာ အနာအဆာတွေမှ ကင်းလွတ်ပါစေ

Post a Comment

သင့်ရဲ့ထင်မြင်ချက်လေး ကို အများသိရအောင် ပြောပြခဲ့ပါလား