ထင်မြင်ချက်ပေးခဲ့ပါ

Tuesday, March 22, 2011

မုံရွာတွင် မီးလောင်ရာ အိမ်ခြေ ရှစ်ဆယ်ခန့် ဆုံးရှုံး

 

မီးလောင်မှုကို ရဟန်းသံဃာတော်များနှင့် အရံမီးသတ်အဖွဲ့ဝင်များ၊ ပြည်သူသူများ ပူးပေါင်းငြိမ်းသတ်နေစဉ်

 
အောင်မြင်  ၊ယမန်နေ့ ည ၈ နာရီခွဲအချိန်တွင် မုံရွာမြို့ ထန်းတောတောင်ပိုင်း အောင်ဇေရုံရပ်ကွက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၈၀ခန့်ဆုံးရှုံးရကြောင်း သတင်းရရှိသည်။
မီးလောင်မှုဖြစ်ပွားရာရပ်ကွက်သည်မုံရွာမြို့ပါတ်လမ်းအရှေ့ဘက်တွင်ဖြစ်ပြီးပျဉ်ထောင်အိမ်၊ဝါးကပ်အိမ်များ ပေါများပြီး အိမ်တွင်း တနိုင်တပိုင်အမှုန့်ကြိတ်လုပ်ငန်း၊မုန့်လုပ်ငန်းမျိုးစုံလုပ်ကိုင်မှုများသောအိမ်တွင်း စက်မှုလက်မှု လုငန်းများ တည်ရှိရာ ရပ်ကွက်ဖြစ်သည်။
မီးလောင်ကျွမ်းမှု ဖြစ်ပွားရာရပ်ကွက်နှင့် မုံရွာဗဟိုမီးသတ်ကြီးသည့် ဝေးကွာလှခြင်းမရှိဘဲ ကားမောင်းချိန် ၅မိနစ်သာ ကြာမြင့်နိုင်သောနေရာ ဖြစ်သော်လည်းမီးသတ်ကားများ လာရောက်မှုနောက်ကျခြင်းကြောင့် ယ္ခုကဲ့သို့ မီးလောင်မှု ဆုံးရှုံးမှု များပြားရခြင်းဖြစ်ကြောင်း ကျူရှင်ဆရာဦးအောင်မျိုးက FNGသို့ပြောသည်။
မုံရွာအနီးအနားရှိမြို့များမှ ချောင်းဦး၊မြင်းမူ၊ရေဦး၊ အရာတော်တို့မှမီးသတ်ကားများလာရောက်ငြိမ်းသတ်ခဲ့ သည်။ မုံရွာမြို့သည် မီးဘေးဒါဏ်ကိုအကြိမ်ကြိမ်ခံခဲ့ရသောမြို့တမြို့ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း မုံရွာမြို့ ရဲ့ အထင်ကရ ဈေးသစ်ခေါ် ချင်းတွင်းရတနာ ဈေးမီးလောင်မှုကြောင့် ငွေကြေးတန်ဖိုးများစွာ ဆုံးရှုံးခဲ့ ရသည်၊မီးလောင်မှုကို ရဟန်းသံဃာတော်များနှင့် အရံမီးသတ်အဖွဲ့ဝင်များ၊ ပြည်သူသူများ ပူးပေါင်းငြိမ်း သတ်ခဲ့ကြသည်။ 
မီးလောင်ခံရသည့်ရပ်ကွပ်သူ၊ရပ်ကွက်သားများမှာ မီးလောင်ပြင်ကို တိုင်းအထူးစစ် ဒေသမှ တာဝန် ရှိသူများ လာရောက်ကြည့်ရှုမှုအပြီးတွင် အသိမ်းခံရမည်ကိုစိုးရိမ်နေကြသည်။


ထိုသို့တာဝန်ရှိသူများလာရောက်ကြည့်ရှုအပြီးတွင် မိမိတို့အိမ်ခြံကိုအသိမ်းခံရပြီး မြို့ပြင် အလှမ်းကွာသော
နေရာသို့ ပြောင်းရွှေ့နေရာချခံရမှုများယ္ခင်ကရှိခဲ့ဘူးသည်။မီးလောင်နေရာသည်မုံရွာခရီးသည်တင်ကားဂိတ် နှင့် မလှမ်းမကမ်းတွင် ရှိနေခြင်းကြောင့် စီးပွားရေးအကွက်အကွင်းကောင်းသောနေရာ တခုဖြစ်နေသည်။
Source: မေမေ့သား http://www.oneshinwar.com

0 comments:

Post a Comment

သင့်ရဲ့ထင်မြင်ချက်လေး ကို အများသိရအောင် ပြောပြခဲ့ပါလား