ထင်မြင်ချက်ပေးခဲ့ပါ

Thursday, March 24, 2011

Breaking News : မြန်မာနှင့် ထိုင်းနယ်စပ်တွင် ၇.၀နှင့် ၆.၈ အင်အားရှိ ငလျှင် နှစ်ခု လှုပ်ခတ်သွားခဲ့၊ ထိုင်းအမျိုးသမီး တစ်ဦး သေဆုံးပြီး အဆောက်အဦးများ ယိမ်းထိုးလှုပ်ခတ်သွားခဲ့ကြောင်းနှင့် ဆူနာမီရေလှိုင်း ပြဿနာ မရှိဟု ပစိဖိတ်ဆူနာမီသတိပေးရေးစင်တာမှ သတင်းထုတ်ပြန်

Breaking News : မြန်မာနှင့် ထိုင်းနယ်စပ်တွင် ၇.၀နှင့် ၆.၈ အင်အားရှိ ငလျှင် နှစ်ခု လှုပ်ခတ်သွားခဲ့၊ ထိုင်းအမျိုးသမီး တစ်ဦး သေဆုံးပြီး အဆောက်အဦးများ ယိမ်းထိုးလှုပ်ခတ်သွားခဲ့ကြောင်းနှင့် ဆူနာမီရေလှိုင်း ပြဿနာ မရှိဟု ပစိဖိတ်ဆူနာမီသတိပေးရေးစင်တာမှ သတင်းထုတ်ပြန်



ငလျှင်သတင်း


မြန်မာငလျွှင်မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက် ရန်ကုန်မြို့မှ ကီလိုမီတာ ၅၈၉ (၃၆၅ မိုင်)အကွာ၊ ထိုင်းနိုင်ငံ ချင်ရိုင်း၏ မြောက်ဘက် ကီလိုမီတာ ၈၉ (၅၅ မိုင်) အကွာ၊ ဘန်ကောက်မြို့မှ ကီလိုမီတာ ၇၇၂ (၄၉၇မိုင်) အကွာ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွမ်ကျင့်ဟုန်၏ အနောက်တောင်ဘက် ၁၆၈ ကီလိုမီတာ (၁၀၄မိုင်)အကွာ မြန်မာနိုင်ငံအတွင်း အခြေပြုသည့် အင်အား ၇.၀ နှင့် ၆.၈ မဂ္ဂနီကျူ့စကေးရှိ ငလျှင်နှစ်ခု ၂၄ရက် မတ်လ ၂၀၁၁ခုနှစ် ကြာသပတေးနေ့ည မြန်မာစံတော်ချိန် ၈နာရီ ၂၅မိနစ်နှင့် ၁၂စက္ကန့်တွင် လှုပ်ခတ်သွားကြောင်း U.S. Geological Survey မှ ထုတ်ပြန် ကြေငြာသွားခဲ့သည်။ အဆိုပါ ငလျှင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးများ လှုပ်ရမ်းသွားခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။ အမျိုးသမီး တစ်ဦး သေဆုံးသွားခဲ့သည့် နေရာမှာ ချင်းရိုင်းမြို့၏ မြောက်ဘက် ၂မိုင်ခန့်အကွာတွင် မြန်မာနှင့် ထိုင်း နယ်စပ်တွင် ဖြစ်ပြီး အဆိုပါ အမျိုးသမီးပေါ်သို့ အုတ်နံရံများ ပိကျသဖြင့် သေဆုံးရခြင်း ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးမှ ပြောကြားသွားခဲ့သည်။ ထိုင်းရုပ်မြင်သံကြား သတင်းဌာနမှ ပြောကြားချက်တစ်ခု အရ အဆိုပါ ငလျှင်မှာ မြန်မာ ထိုင်း လာအို နယ်စပ်တွေ့ဆုံရာ နေရာတွင် ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။
 

10-degree map showing recent earthquakes- 0
ငလျှင် လှုပ်ခတ်ရာ နေရာပြ မြေပုံ



“တချို့တွေက ခေါင်းမိုးပေါ်တွေမှာ ပြေးလွားနေကြပါတယ်။ တချို့ကတော့ အိမ်ထဲကနေ ပြေးထွက်လာပြီး ထိတ်လန့် အံသြနေကြပါတယ်။”ဟု ချင်ရိုင်းအနီ ခရိုင်တစ်ခုမှ ရဲအရာရှိတစ်ဦးမှ ပြောကြာသွားခဲ့သည်။ “သွေးပျက်ဖွယ်လို့ ကျွန်တော်တော့ ပြောရမှာဘဲ။”ဟု ပြေးလွားနေသော မက်စ်ဂျုံး အမည်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်နေသော သြစတေးလျလူမျိုး ဒေသခံတစ်ဦးမှလည်း ၄င်းနေထိုင်သော ၂၇ထပ် အမြင့်ရှိ အဆောက်အဦး စတင် လှုပ်ခတ်ချိန်မှာ နံရံများ ပြိုလဲမည် စိုးသဖြင့် ထွက်ပြေးရင်း ဖြေကြားသွားခဲ့သည်။





   


မြန်မာထိုင်းနယ်စပ်တွင် ယမန်နေ့က လှုပ်ခတ်သွားသော ငလျှင်တိုင်းတာမှု ပြပုံ (၀ဲ)နှင့် ဂျပန်နိုင်ငံတွင် များမကြာသေးမှီက လှုပ်ခတ်သွားသော ငလျှင် တိုင်းတာမှုပြပုံ (ယာ)


အဆိုပါ ငလျှင် လှုပ်ခတ်သွားပြီးနောက် ၄.၈ နှင့် ၅၅.၄ စကေးရှိ နောက်ထပ် ငလျှင်ငယ် နှစ်ခုပါ ထပ်မံ လှုပ်ခတ်သွားခဲ့သည်။ ပစီဖိတ် ဆူနာမီ သတိပေးရေး စင်တာမှ အဆိုပါ ငလျှင်သည် ငလျှင်ဖြစ်ပွားရာ နေရာ အတော်လှမ်းလှမ်း ကုန်တွင်းပိုင်းအထိ လှုပ်ခတ်သွားခဲ့ကြောင်းနှင့် ငလျှင် လှုပ်ခတ်မှုကြောင့် ဆူနာမီဖြစ်ပေါ်နိုင်မှု မရှိနိုင်ကြောင်း ပြောကြားသွားခဲ့သည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရင်ကျင်းအရပ် ရှန်းဒေါင်ရွာတို့တွင်လည်း အင်းအား အသင့်အတင့်ရှိ ငလျှင်ဒါဏ် ခံစားခဲ့ရသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက သဘာဝ ဘေးအန္တရယ်တစ်ခုဖြစ်သည့် နာဂစ်မုန်တိုင်းဒါဏ်ကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပြီး လူဦးရေ တစ်သိန်းခန့် သေဆုံးခဲ့ပြီး မုန်တိုင်းပြီးဆုံးပြီး တစ်နှစ် နှစ်နှစ်တိုင်အောင် လူပေါင်း ခုနှစ်သောင်းခန့်မှာ အိုးမဲ့အိမ်မဲ့ ဖြစ်လျက် ရှိနေကြောင်း ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်း၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

လွန်ခဲ့သော သတင်းနှစ်ပတ်ခန့်ကလည်း ဂျပန်နိုင်ငံတွင် အင်အားအလွန်ပြင်းထန်သော ငလျှင်တစ်ခု ဆန်ဒိုင်းအရပ်ကို ဗဟိုပြုကာ လှုပ်ခတ်သွားခဲ့ပြီး ဆူနာမီရေလှိုင်းလုံးပါ တပါတည်း ၀င်ရောက်သွားခဲ့သဖြင့် လူထောင်နှင့်ချီပြီး သေကြေပျက်စီးကာ ပျောက်ဆုံးသွားခဲ့သလို ညူကလီးယားသုံး ဓါတ်အားပေးစက်ရုံ၏ ပေါက်ကွဲယိုစိမ့်မှုမှာ ယခုတိုင် စိုးရိမ်နေရသေးလျက် ရှိနေသည်။ ပြီးခဲ့သည့် နှစ်တုန်းကလည်း ဟေတီနိုင်ငံတွင် ၇.၀ အဆင့်ရှိ ငလျှင်တစ်ခုသည် လူဦးရေထူထပ်သော နေရာ၏ ၉မိုင်ခန့်အကွာတွင် လှုပ်ခတ်သွားသောကြောင့် လူဦးရေ နှစ်သိန်းခန့် အသက်ဆုံးရှုံးခဲ့ကြရပြီး သန်းနှင့်ချီသော ပြည်သူလူထုတို့မှာ အတိဒုက္ခေ၇ာက်ခဲ့ရသည်။



Source: http://mutdfan.com မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

သင့်ရဲ့ထင်မြင်ချက်လေး ကို အများသိရအောင် ပြောပြခဲ့ပါလား